BBC navigation

တော်ဝင် သစ်စက်ရုံမှာ အလုပ်သမားတွေ ရိုက်နှက်ခံရ

နောက်ဆုံး ရေးသားချိန် 24 ဒီဇင်ဘာလ 2012 - 17:07 GMT

ပြည်တွင်းသာ မက ပြည်ပ မှာလည်း မြန်မာ အလုပ် သမားတွေ အခက် အခဲ ကြီးမား

ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ် ဝါးတရာ စက်မှု ဇုံမှာ ရှိတဲ့ တော်ဝင် မိသားစု ကုမ္ပဏီပိုင် သစ်အချော စက်ရုံမှာ အလုပ်ရှင်နဲ့ အလုပ် သမား တွေ ပြဿနာ ဖြစ်ပွား ရာက၊ အလုပ် သမားတွေ ရိုက်နှက် ခံခဲ့ရကာ ဒဏ်ရာ ရရှိ သွားကြတဲ့ အတွက် အလုပ် သမား(၁၀)ဦးကို အင်းစိန် ဆေးရုံကို ပို့လိုက်ရ ပါတယ်။

ရိုက်နှက် ခံလိုက်ရတဲ့ သူတွေ ထဲက အလုပ် သမား ၆ ဦး ကတော့ ဒဏ်ရာ ပြင်းထန် တယ်လို့ ဆိုပါတယ်။

အလုပ်ရှင် နဲ့ အလုပ် သမား သဘောတူ စာချုပ် ချုပ်ရာ ကနေ အလုပ် သမား(၁၅၀)နီးပါး လောက် က မကျေ မနပ် ဖြစ်ပြီး၊ တနင်္လာနေ့ နေ့လယ် ပိုင်းမှာ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ ရာမှာ၊ အလုပ် သမားတွေ ရိုက်နှက် ခံလိုက် ရတာ ဖြစ်ပါတယ်။

တော်ဝင် သစ်အချော စက်ရုံမှာ အလုပ် သမား(၅၀ဝ၀) နီးပါး ရှိပြီး၊ အခု စက်ရုံ မှာတော့ လူပေါင်း(၂၀ဝ) ကျော် လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်။

တော်ဝင် သစ်အချော စက်ရုံမှာ မကြာခဏ ပြဿနာ ဖြစ်နေပြီး အလုပ် သမား တွေဟာ(၄)ကြိမ် မြောက် ဆန္ဒပြခဲ့ ပြီးလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။