BBC navigation

လေယာဉ် ဒဏ်ရာရ ခရီးသည်တွေ သက်သာ

နောက်ဆုံး ရေးသားချိန် 26 ဒီဇင်ဘာလ 2012 - 02:01 GMT
air bagan

လေယာဉ်ပေါ် ကမ္ဘာလှည့်တွေ အများစုပါ

အဲပုဂံ လေယာဉ် အရေးပေါ် ဆင်းသက်မှု ဒဏ်ရာရ ခရီးသည်တွေကို အဲပုဂံက တာဝန်ယူ ကုသ ပေးနေပြီး အမေရိကန် ခရီးသည် ၂ ယောက်ကို သံရုံး မေတ္တာ ရပ်ခံချက် အရ ဘန်ကောက်ကို အဲပုဂံက သီးသန့် လေယာဉ်နဲ့ ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျန်တဲ့ ဒဏ်ရာရ ခရီးသည် ၆ ယောက် ကိုတော့ ရန်ကုန် ဆေးရုံကြီးကို ပို့ဆောင် ခဲ့ပြီး စိုးရိမ်စရာ မရှိဘဲ မီးလောင် ဒဏ်ရာ တချို့နဲ့ ခါးနာတာ လောက်ပဲ ရှိတယ်လို့ အဲပုဂံ တာဝန်ရှိသူ တဦးက ဘီဘီစီကို ပြောကြား ပါတယ်။

ဟဲဟိုး လေဆိပ် အနီး အဲပုဂံ လေယာဉ် အရေးပေါ် ဆင်းသက်မှုမှာ မီးလောက် ပျက်စီး ခဲ့ရပြီး လူ ၂ ဦး သေဆုံး ခဲ့ရပါတယ်။

အခင်းဖြစ်ပွားချိန်မှာ လေယာဉ်ဟာ မြေပြင်ပေါ် ချက်ချင်း မဆင်းနိုင်ဘဲ ဟဲဟိုး လေဆိပ်ပေါ် အကြိမ်များစွာ ဝဲပျံ နေခဲ့ရတယ်လို့ သေဘေးက လွတ်လာတဲ့ ခရီးသည် တဦးက ဘီဘီစီကို ပြောပါတယ်။

နောက်ဆုံး ယာခင်းထဲ ထိုးဆင်းရချိန်မှာ လေယာဉ် မီးလောင်ကျွမ်း ခဲ့ပါတယ်။

အဲပုဂံ လေကြောင်းရဲ့ ထုတ်ပြန်ချက်အရ သေဆုံး ခဲ့သူ တဦးက လေယာဉ် ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီး ဧည့်လမ်းညွှန် တဦးနဲ့ လေယာဉ် ဆင်းလာစဉ်မှာ တိုက်မိသွားခဲ့တဲ့ ဆိုင်ကယ် မောင်းနှင်လာသူ တဦးတို့ သေဆုံး ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

လေယာဉ် ပျက်မှုကို ပို့ဆောင်ရေး ဝန်ကြီးဌာနက စုံစမ်း နေပြီး ဗုဒ္ဓဟူး နေ့မှာ ကြေညာနိုင်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။