BBC navigation

ကေအိုင်အိုက ကန့်ကွက်စာပို့

နောက်ဆုံး ရေးသားချိန် 25 ဒီဇင်ဘာလ 2012 - 01:20 GMT

ရွှေလီမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ စကားပြောနေတဲ့ ဦးအောင်မင်း

ကေအိုင်အို အဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီကို မနေ့က နေ့စွဲနဲ့ ကန့်ကွက်စာ တစောင် ပေးပို့ခဲ့ပါတယ်။

စာထဲမှာ ကော်မတီ ဥက္ကဌ ဦးအောင်မင်း ကို လိပ်မူထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ ကေအိုင်အို ဆွေးနွေးရေး အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းလမ်းနဲ့ ညှိနှိုင်း ဆောင်ရွက် နေချိန်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ဒီဇင်ဘာ ၂၃ ရက်နေ့က PCG ကတဆင့် လဂျားယန် တပ်စခန်းကို အုပ်ချုပ်မှု ကိစ္စ ဆောင်ရွက်ဖို့ လမ်းကြောင်း တလျှောက်ရှိ ကေအိုင်အေ အဖွဲ့တွေကို ၂၀၁၂ ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထား ဆုတ်ပေးဖို့ သတိပေး လာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်ရေးနည်းနဲ့ ဖြေရှင်းဖို့ ရာဇသံပေး ခြိမ်းခြောက် လာမှုကို ကေအိုင်အို ဆွေးနွေးရေး အဖွဲ့က ကန့်ကွက် ပါကြောင်း အသိပေး အကြောင်းကြားအပ် ပါတယ်လို့ ကေအိုင်အို ပေးစာမှာ ဖော်ပြထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။