BBC navigation

Air Bagan လေယာဉ် ဟဲဟိုးမှာ အရေးပေါ်ဆင်းပြီး မီးလောင်

နောက်ဆုံး ရေးသားချိန် 25 ဒီဇင်ဘာလ 2012 - 12:04 GMT
အဲပုဂံလေယာဉ်အပျက်အစီး

အဲပုဂံလေယာဉ်အပျက်အစီး

ဟဲဟိုး လေဆိပ် အနီးမှာ Air Bagan အဲပုဂံ လေကြောင်း လိုင်းက လေယာဉ် တစင်း မြူထူထပ်နေတဲ့ ကြားမှာ လမ်းပေါ်မှာ ဆင်းသက်မိလို့ မီးလောက် ပျက်စီး ခဲ့ရပြီး လူ ၂ ဦး သေဆုံး ခဲ့ရတယ်လို့ တာဝန်ရှိသူ တွေက ပြောပါတယ်။

အဲပုဂံ လေကြောင်းရဲ့ ထုတ်ပြန်ချက်အရ သေဆုံး ခဲ့သူ တဦးက လေယာဉ် ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသမီး ဧည့်လမ်းညွှန် တဦးနဲ့ လေယာဉ် ဆင်းလာစဉ်မှာ တိုက်မိသွားခဲ့တဲ့ ဆိုင်ကယ် မောင်းနှင်လာသူ တဦးတို့ သေဆုံး ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

လေယာဉ်မှူးနဲ့ အကူ လေယာဉ်မှူးအပါအဝင် ခရီးသည် ၉ ဦးထိခိုက် ဒဏ်ရာ ရသွား ခဲ့ပါတယ်။ အဲဒီ ခရီးသည် တွေထဲမှာ အမေရိကန် ၂ ယောက်၊ ပြင်သစ် တယောက်၊ ဗြိတိသျှ တဦးနဲ့ ကိုရီးယား လူမျိုး တဦးတို့ ပါဝင်ပါတယ်။ အဲဒီ လေယာဉ် ပေါ်မှာ ကမ္ဘာလှည့် ခရီးသွား အများစု ပါဝင်တဲ့ ခရီးသည် ၆၅ ယောက်နဲ့ လေယာဉ် အမှုထမ်း ၆ ယောက် လိုက်ပါလာခဲ့ကြတယ်လို့ အဲပုဂံက တာဝန်ရှိသူက ပြောပါတယ်။ အဲဒီ ခရီးသည်တွေထဲက ထိခိုက် ဒဏ်ရာ မရရှိတဲ့ သူတွေကိုတော့ ရန်ကုန်မြို့ကို လေကြောင်းကနေ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အခုပျက်ကျတဲ့ လေယာဉ်အမျိုးအစားဟာ Fokker 100 jet ဖြစ်ပြီး အဲပုဂံမှ ဒီလိုအမျိုးအစား ၂စီးနဲ့ပြေးဆွဲနေတာဖြစ်ပါတယ်။ အခုအခါ လေယာဉ် ကုမ္ပဏီကလည်း ဒီအမျိုးအစား လေယာဉ်တွေကို ဆက်ထုတ်လုပ်ခြင်း မရှိတော့ပါဘူး။

အခုလို ကမ္ဘာလှည့် ခရီးသွားတွေ မြန်မာနိုင်ငံကို အများအပြား လာလည်ချိန်မျိုးမှာ လေယာဉ် မတော်တဆဖြစ်တဲ့အတွက် ပြည်ပခရီးသွား လုပ်ငန်းကိုထိခိုက်မှာ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လျက်ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။