BBC navigation

သမ္မတဦးသိန်းစိန်က အစိုးရမှာ အားနည်းချက် တွေရှိလို့ပြော

နောက်ဆုံး ရေးသားချိန် 26 ဒီဇင်ဘာလ 2012 - 13:26 GMT
utheinsein

အစိုးရ အားနည်းတယ်လို့ ဆိုလိုက်တဲ့ သမ္မတဦးသိန်းစိန်

မြန်မာ သမ္မတ ဦးသိန်းစိန်က မြန်မာ အစိုးရ အနေနဲ့ နိုင်ငံတကာ စံချိန် စံညွှန်း တွေနဲ့ ချိန်ထိုးရင် များစွာ အားနည်း နေသေးတယ်လို့ ဝေဖန် လိုက်ပါတယ်။

အစိုးရ အဖွဲ့ဝင် တွေနဲ့ အစိုးရ အရာရှိတွေကို ပြောကြား ခဲ့တဲ့ မိန့်ခွန်းထဲမှာ သမ္မတ ဦးသိန်းစိန်က အဂတိ လိုက်စားမှု တွေကြောင့် ကောင်းမွန်တဲ့ အုပ်ချုပ် စီမံမှုကို သွားတဲ့ လမ်းမှာ အနှောင့်အယှက် တွေ ဖြစ်စေတဲ့ အတွက် ဒါတွေကို ပြုပြင်ဖို့ လိုအပ်တဲ့ အကြောင်းလဲ ပြောကြားခဲ့ပါတယ်။

မြန်မာ နိုင်ငံဟာ နှစ်ပေါင်းများစွာ စစ်တပ် အုပ်ချုပ်မှု အောက်မှာ ရှိနေခဲ့ရာက သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာခဲ့တဲ့ နောက်မှာ ဒီမိုကရေစီ နည်းလမ်းကျ ပြုပြင်ပြောင်းလဲမှု တွေကို စတင် ဖော်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။