BBC navigation

ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီ အကြီးအကဲနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 26 ဒီဇင်ဘာလ 2012 - 16:14 GMT
shwemann

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း နဲ့ မစ္စတာ ကျန်းဂွာကျင်း တို့တွေ့ဆုံ

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ဆောင်ရွက်နေတဲ့ တရုတ်အခြေစိုက် ဝမ်ပေါင်ကုမ္ပဏီရဲ့ မိခင် ကုမ္ပဏီ ရဲ့ အကြီးအကဲနဲ့ မြန်မာဘက်က လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံ ခဲ့ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီရဲ့ မိခင် ကုမ္ပဏီကြီး ဖြစ်တဲ့ နော်ရင်ကို ကော်ပိုရေးရှင်း China North Industries Corporation ရဲ့ ဥက္ကဌ မစ္စတာ ဂျန် ဂွာကျင်း နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းခေါင်းဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော် ပြည်သူ့လွှတ်တော် ဧည့်ခန်းမမှာ တွေ့ဆုံခဲ့ကြကြောင်း ဒီနေ့ထုတ် မြန်မာအစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဌတွေလည်း တွေ့ဆုံပွဲကို တက်ရောက် ခဲ့ကြရာမှာ လက်ပံတောင်း အရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တဦးဖြစ်သူ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် လွှတ်တော်အမတ် ဦးလွန်းသီလည်း ပါဝင် တွေ့ဆုံခဲ့ပါတယ်။

အင်္ဂါနေ့ တုန်းကလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

နော်ရင်ကို ကုမ္ပဏီဟာ မော်တော်ကား၊ ရေနံလုပ်ငန်းဆိုင်ရာ ကိရိယာ တန်ဆာ ပလာတွေ၊ ဓါတု ပစ္စည်းတွေနဲ့ စစ်လက်နက် ပစ္စည်းတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။