BBC navigation

ထိုင်းနိုင်ငံရောက် သံဃာများ ကျန်းမာရေး

နောက်ဆုံး ရေးသားချိန် 27 ဒီဇင်ဘာလ 2012 - 17:08 GMT
letpadaung

လက်ပံတောင်းတွင် ဒဏ်ရာရခဲ့သော သံဃာတော်

ထိုင်းနိုင်ငံမှာ ရောက်ရှိပြီး ဆေးကုသနေတဲ့ အသျှင်တိက္ခ ဉာဏနဲ့ ကိုရင် အသျှင်သစ္စန တို့ရဲ့ ကျန်းမာရေး အခြေအနေဟာ တိုးတက်ကောင်းမွန်လာပေမဲ့ လုံးဝစိတ်ချရတဲ့ အနေ အထားတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

ကိုရင် အသျှင်သစ္စနကို ကြာသပတေးနေ့မှာ ခွဲစိတ် ကုသမှု လုပ်ခဲ့ပါတယ်။ ကိုရင် သစ္စနရဲ့ ဒဏ်ရာရနေတဲ့ ပေါင်က ဒဏ်ရာအတွက် ဒဏ်ရာမရတဲ့ ပေါင်က အသားကို ခွဲစိတ်ကုသ အစားထိုးပေးခဲ့ တာဖြစ်ပါတယ်။

ဆရာတော် အသျှင်တိက္ခဉာဏကတော့ ခွဲစိတ် အစားထိုးမှု အများအပြား ပြုလုပ်ရတဲ့ အတွက် ဝေဒနာကို တော်တော် ပြင်းပြင်းထန်ထန်ခံစားနေရဆဲ ဖြစ်တယ်လို့ ဆရာတော်ကို ပြုစုစောင့်ရှောက်ပေးနေတဲ့ ဆရာတော် အသျှင်သူရိယက ပြောပါတယ်။

ဆရာတော် အသျှင် တိက္ခဉာဏရဲ့ ကျန်းမာရေးဟာ အသက်အန္တရာယ်ကို မစိုးရိမ်ရတော့လောက်အောင် စိတ်ချရတဲ့ အနေအထားရောက်ပြီလားလို့ မေးရာမှာတော့ လုံးဝ စိတ်ချရတဲ့ အနေ အထားမရောက်သေးဘူးလို့ ဆရာတော် အသျှင်သူရိယက မိန့်ကြားပါတယ်။

ဘန်ကောက်ဆေးရုံကြီးမှာ ဆေးကုသရတာ ကုန်ကျစရိတ်သိပ်များတဲ့ အတွက် စစ်ဆေးရုံမှာ ပြောင်းရွှေ့ကုသနေတယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။