BBC navigation

ရသေ့တောင် ကျေးရွာအုပ်ချုပ်ရေးမှူးကို ရဲဖမ်း

နောက်ဆုံး ရေးသားချိန် 28 ဒီဇင်ဘာလ 2012 - 00:34 GMT

ရခိုင်မှာ ချထားတဲ့ ရဲတပ်ဖွဲ့တွေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး ရွှေးချယ်တင်မြှောက်ပြီး သိပ်မကြာခင်မှာဘဲ ရဲအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ သိရပါတယ်။


အဖမ်းခံရတဲ့ သူကတော့ ရသေ့တောင်မြို့နယ် ဆားပြင်ကြီးကျေးရွာက အုပ်ချုပ်ရေးမှူး အသစ်အဖြစ် အရွှေးခံရတဲ့ ဦးမဲစိန်အောင်နဲ့ နောက် ရွာသား တစ်ဦးဖြစ်တဲ့ ဦးအေးထွန်းသောင်းတို့ ဖြစ်ကြပါတယ်။

ဦးမဲစိန်အောင်ဟာ အဖမ်းခံရတာကတော့ သူနဲ့ အုပ်ချုပ်ရေးမှူး အဖြစ် ယှဉ်ပြိုင်ရာမှာ ရှုံးနိမ်သွားခဲ့သူ ပြိုင်ဖက်ကနေ မွတ်ဆလင် ရွာကို မီးရှို့ တိုက်ခိုက်ရာမှာ ပါ၀င်တယ်လို့ ရဲကို တွန်းအားပေးရာကနေ ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ ဒေသအတွင်းမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တစ်ဘက်မှာလည်း သူ့ကို ရဲက ဖမ်းဆီးဖို့ လိုလားနေတဲ့ အကြောင်းကို ဒေသခံ ရွာသား တစ်ဦးက ပြောပါတယ်။

အဲဒီ ဒေသက ဆားပြင်ကြီး၊ ဆားပြင်ချေနဲ့ ကျွန်းကြီးရွာတွေကတော့ ညောင်ပင်ကြီး မွတ်ဆလင် မီးရှို့တိုက်ခိုက်မူနဲ့ လူ ၁၉ ဦးကို ဖမ်းဆီးမယ်ဆိုပြီး ရဲက စာရင်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ဦးမဲစိန်အောင်နဲ့ ဦးအေးထွန်းသောင်းတို့ ကတော့ ပထမဆုံး ဖမ်းဆီးခဲ့တာ ဖြစ်တာဖြစ်ပြီး ကျန်လူတွေကတော့ ဖမ်းဆီးခံရတာ မရှိသေးဘူးလို့ ဆိုပါတယ်။

အခုလို ရဲတပ်ဖွဲ့က အဖမ်းအဆီးတွေ ဖြစ်နေချိန်မှာဘဲ တဘက်မှာ လည်း အောက်တိုဘာ ဆူပူ ဖြစ်စဉ်နဲ့ ဆက်စပ်ပြီး တချို့နေရာတွေမှာ တိုက်ခိုက်မူတွေ ဆက်ဖြစ်နေတာတွေ ရှိနေပါတယ်။

ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာကနေ ကဏန်း ဖမ်းနေတဲ့ မောင်တင်အောင်မြင့်နဲ့ မောင်ကျော်သန်းစိုး တို့ကို ငှက်ချောင်းကျေးရွာကနေ မူဆလင် တစ်ချို့က တိုက်ခိုက်တဲ့ အတွက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ ဒီလ ၂၃ ရက်နေ့ကလည်း မြောက်ဦး မြို့နယ် ဇေယျ၀တီ ကျေးရွာက စပါးရိတ်နေတဲ့ လယ်သမားတွေနဲ့ ပေါင်းတုတ် မူဆလင်ရွာက အကြား တိုက်ခိုက်မူ ဖြစ်ပွားတဲ့ အတွက် ရခိုင်လယ်သမား သုံးဦး ဒဏ်ရာ ရပြီး အဲဒီအထဲက ဦးစိန်လှဟာ ဒဏ်ရာ ပြင်းထန်တဲ့ အတွက် စစ်တွေ ဆေးရုံကို ပို့ဆောင် လိုက်ရတယ်လို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။