BBC navigation

ကေအိုင်အေကို အစိုးရက ဂျက်လေယာဉ်နဲ့ တိုက်

နောက်ဆုံး ရေးသားချိန် 28 ဒီဇင်ဘာလ 2012 - 16:49 GMT

လေတပ် ကနေ ပစ်ကူ ပေးပြီးနောက် အစိုးရ တပ်ဖွဲ့ အင်အား ၄၀၀ လောက်ဟာ နားလုံ ဘက်ကို နေရာ ဝင်ယူ

ကချင် လွတ်လပ်ရေး တပ်ဖွဲ့ ကေအိုင်အေ ရဲ့ - လိုင်ဇာအဝင်ဝ ‘လဂျားယန်’ တဝိုက်ကို မြန်မာ အစိုးရ စစ်တပ် ဘက်ကနေ သောကြာနေ့မှာ ဂျက် တိုက် လေယာဉ် တွေ သုံးပြီး တိုက်ခိုက်ခဲ့ ပါတယ်။

ဂျက်တိုက် လေယာဉ် (၃)စီး၊ ရဟတ်ယာဉ် (၂)စီး နဲ့ လေတပ် ကနေ ပစ်ကူ ပေးပြီးနောက် အစိုးရ တပ်ဖွဲ့ အင်အား ၄၀၀ လောက်ဟာ နားလုံ ဘက်ကို နေရာ ဝင်ယူ လိုက်တာ ဖြစ်ပါတယ်။

နောက်ပိုင်း မှာလည်း အစိုးရ တပ်တွေဟာ မြေပြင် ကနေ အမြောက်တွေနဲ့ လှမ်းပစ် ခဲ့တယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

အခုလို တိုက်ခိုက် မှုတွေကြောင့် လဂျားယန် အနီးက ‘ မိုးလဲချောင်းတံတား’ ပျက်စီးသွား ကြောင်းလည်း သိရပါတယ်။

ကေအိုင်အို တွဲဖက် အတွင်းရေးမှူး ဦးလာနန်း ကတော့ အစိုးရတပ် တွေဟာ ကေအိုင်အေ ဌာနချုပ် လိုင်ဇာ တဝိုက် နေရာတွေကို ဝင်စီး ထားဖို့ ကြိုးစား နေပုံ ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီဇင်ဘာ (၂၅)ရက် ခရစ္စမတ် နေ့က နောက်ဆုံး ထားပြီး ကေအိုင်အေ တပ်တွေ နောက်ဆုတ် ပေးဖို့ မြောက်ပိုင်းတိုင်း တိုင်းမှူးက စာထုတ် ခဲ့ပြီးနောက် အခုလို တိုက်ခိုက် မှုတွေ တိုးမြင့် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။