BBC navigation

စပါးစျေးကျလို့ အစိုးရကို အကူအညီတောင်း

နောက်ဆုံး ရေးသားချိန် 29 ဒီဇင်ဘာလ 2012 - 01:19 GMT

မြန်မာနိုင်ငံမှာစပါးဈေးဟာ ကျဆင်းနေပြီး ပြည်တွင်းမှာလည်းအဝယ်မရှိဖြစ် နေတာကြောင့် ဈေးတက်လာအောင် အစိုးရက အရန်ဆန်၀ယ်ယူပြီး ကူဖို့ တောင်သူလယ်သမားအသင်းက သမ္မတဆီ စာရေးပြီး အကူညီ တောင်း လိုက် ပါတယ်။

မြန်မာနိုင်ငံကဆန်တွေကို ဒီနှစ်ထဲ မှာ တရုပ်နိုင်ငံက နယ်စပ်ကနေ တန်ချိန် ၅ သိန်းလောက်အထိ အဓီကဝယ်ယူခဲ့တာဖြစ ပြီး အခု ရက် ပိုင်းမှာတော့ တရုပ် နိုင်ငံက ဝယ်လိုအားကျ သွားပါတယ်။

လယ်သမားတွေကလည်း ဒီနှစ်မှာရာသီ ဥတုဖောက်ပြန်တာရယ် သီးနှံ အပျက်အစီးရှိတာရယ်ကြောင့် စိုက်ပျိုးစရိတ်က ၂ဆနီးပါးတက်လာတယ်လို့ပြောပါတယ်။

ဒါကြောင့် မို့လိုစပါးဈေးကို တက်လာအောင် အစိုးရအနေနဲ့ ကူညီဝယ်ပေးဖို့ အကူ အညီ တောင်းတာလို့ တောင်သူလယ်သမား အသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

အရန်ဆန်ကို ပြီးခဲ့တဲ့ အောက်တိုဘာလတွင်း မြန်မာနိုင်ငံ အရန်ဆန်ဝယ် ယူရေး ကော်မတီက တန်ချိန် တစ်သောင်း ကျော် တင်ဒါခေါ် ဝယ် ယူခဲ့ ပါတယ်။

ဒါပေမယ့် ဒီပမာဏ ဟာ ဈေးကိုတက် လာအောင် မလုပ်နိုင်ဘူး၊ အမှန်တကယ် ဝယ် သင့်တဲ ပမာဏာဟာ တန် တစ်သိန်းကျော် ထိ ဝယ်သင့်တာ ဖြစ်တယ် ဘယ်လို ပုံစံဝယ်ယူသင့်တယ်ဆိုတာကို ဒေါက်တာစိုးထွန်းက ရှင်းပြပါတယ်။

ဒီနှစ် မြန်မာနိုင်ငံက လယ် သမားအများ စုဟာ စိုက်ပျိုးစရိတ် ၂ဆနီးပါးတက် လာတာကြောင့် အနိမ့် ဆုံးဧည့်မထ စပါး အုပ်စု ကို ၃ သိန်းခွဲဝန်းကျင် နဲ့ဝယ် မှ စိုက်စရိတ် ပြန်ရနိုင်မဲ အခြေအနေရှိ တယ်လို့ ဖျာပုံက လယ်သမားကြီးတစ် ဦးက ပြောပါတယ်။

မနှစ်ကတော့ တန်ချိန် တစ်သိန်းအထိ အစိုးရက ဝယ်ယူခဲ့ပေမဲ ဒီနှစ်မှာဝယ်ယူဖို့ အစိုးရမှာလည်း ပိုက်ဆံမရှိဘူးဆိုတဲ့ သတင်းတွေထွက် ပေါ်နေပါ တယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။