BBC navigation

ကေအန်ယူ ဥက္ကဌ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ရှိ

နောက်ဆုံး ရေးသားချိန် 2 ဇန်နဝါရီလ 2013 - 16:10 GMT

သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ ကေအန်ယူ ဥက္ကဌနဲ့ အဖွဲ့ လာရောက်မှာဖြစ်

ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ ဥက္ကဌသစ် စောမူတူး စေးဖိုးနဲ့ အဖွဲ့ဟာ နေပြည်တော် ကို အခု ရက်ပိုင်း သွားရောက် ပြီး၊ သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက် အရ ကရင် အမျိုးသား အစည်းအရုံး ဥက္ကဌသစ် မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ လာရောက်မှာ ဖြစ်ပြီး၊ ဇန်နဝါရီ ၃ရက် နေ့ မှာ ရန်ကုန်ကို ရောက်ရှိမှာ ဖြစ်တယ်လို့ သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ဘီဘီစီ ကို ပြောပါတယ်။

ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ အနေနဲ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ဖို့ ရှိတယ်လို့လည်း ကေအန်ယူ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဖဒို မန်းငြိမ်းမောင်က ပြောပါတယ်။

သမ္မတနဲ့ တွေ့ဆုံမယ့် ရက်နဲ့ ဆွေးနွေးမယ့် အကြောင်း အရာတွေ ကိုတော့ အတိ အကျ မသိရ သေးဘဲ စီစဉ် နေဆဲ ဖြစ်တယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင် တဦး က ပြောပါတယ်။

သမ္မတနဲ့ တွေ့ ဖြစ်မယ် ဆိုရင်တော့ ကေအန်ယူ အနေနဲ့ ဒါဟာ ဒုတိယ အကြိမ် တွေ့ဆုံတာ ဖြစ်ပြီး၊ ငြိမ်းချမ်းရေး အတွက် တိုးတက် မှုတွေ ရှိနိုင် တယ်လို့ မျှော်လင့် စရာ အကြောင်း ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။