BBC navigation

လက်နက်ကိုင်တိုက်ခိုက်ရင်း အစိုးရနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကျောင်းသားတပ်မတော်

နောက်ဆုံး ရေးသားချိန် 3 ဇန်နဝါရီလ 2013 - 16:43 GMT
absdf

မကဒတ ခေါင်းဆောင်များ

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေတာဟာ လက်ရှိ ပဋိပက္ခတွေကို မီးမောင်းထိုးပြနေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(မကဒတ)ရဲ့ ဥက္ကဌ ကိုသံခဲက ပြောပါတယ်။

မကဒတဟာ တဘက်မှာ လက်တွေ့ကျကျ အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတယ်လို့ ကိုသံခဲက ပြောပြီး အဲဒီလို ထိတွေ့ဆက်ဆံရင်းနဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို တင်ပြတောင်းဆိုနေတယ်လို့လည်း ဆိုပါတယ်။

၈၈ ခေါင်းဆောင်တွေ နိုင်ငံရေး ပါတီတွေနဲ့ ပူးပေါင်းပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက် သွားမယ်လို့လည်း ဆိုပါတယ်။

မကဒတ ခေါင်းဆောင် တယောက်ဖြစ်တဲ့ မိဆူးပွင့်က ငြိမ်းချမ်းရေး စင်တာ မှာ ရှင်းလင်းပြောကြားရာမှာတော့ မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ မကဒတ မြောက်ပိုင်းက ပူးပေါင်းတိုက်ခိုက်နေတာဟာ မကဒတ က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ယူထားတဲ့ အဖွဲ့အစည်း မဟုတ်သေးလို့ တိုက်ပွဲဝင်နေတာလို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရက ထိုးစစ်တွေကို မြေပြင်ထိုးစစ် သာမက လေကြောင်းကပါ ပူးတွဲပစ်ခတ်ပြီး အကြီးအကျယ် တိုက်ခိုက်နေချိန်မှာ မကဒတ မြောက်ပိုင်းကလည်း ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေနဲ့ ပူးပေါင်း တိုက်ခိုက်နေပါတယ်။

တဘက်မှာ မကဒတ မြောက်ပိုင်းက ခုခံတိုက်ခိုက်နေတဲ့ အချိန်မှာပဲ၊ မကဒတ ဗဟိုက ပြည်တွင်းမှာ အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတဲ့ အတွက် မကဒတ ကျောင်းသား တပ်မတော်ရဲ့ မူဝါဒနဲ့ပတ်သက်ပြီး အမြင်ရှုပ်ထွေးမှုတွေရှိနေပါတယ်။

မကဒတ မြန်မာနိုင်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို ၁၉၈၈ အရေးအခင်းအပြီး ထိုင်းနိုင်ငံမှာ တောခို ကျောင်းသာတွေနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ သမိုင်းမှာ ပထမဦးဆုံး ပေါ်ပေါက်ခဲ့တဲ့ ကျောင်းသားတပ်မတော်လည်း ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။