BBC navigation

လွတ်လပ်ရေးသမိုင်းတွေ ဖုံးကွယ်ခံရ

နောက်ဆုံး ရေးသားချိန် 4 ဇန်နဝါရီလ 2013 - 02:31 GMT
aung san

ဗိုလ်ချုပ်တို့ အားထုတ်ခဲ့တဲ့ လွတ်လပ်ရေး သမိုင်းမှန်တွေ ဖုံးကွယ်ခံရ

စစ်အစိုးရ အဆက်ဆက် လက်ထက် သမိုင်း အချက်အလက်မှန်တွေ ဖုံးကွယ် ထိမ်ဝှက် ခဲ့လို့ သမိုင်းမှန်ကို ပြည်သူတွေ မသိဘဲ တန်ဖိုးထားရမှန်း မသိကြဘူးလို့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ်က မဖြိုးဖြိုးအောင်က ပြောပါတယ်။

လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ပါခဲ့တဲ့ ပုဂ္ဂိုလ်ကြီး တချို့ အသက်ရှင် ကျန်ရစ်ဆဲ ဖြစ်ပေမယ့် သူတို့ကို နေရာပေး လေးစားမှု မရှိသလို ဖြစ်နေတယ်လို့လဲ မဖြိုးဖြိုးအောင်က ဆိုပါတယ်။

ပညာရှင် တွေနဲ့ သမိုင်း ဖြတ်သန်းမှု ကြီးတဲ့ နိုင်ငံရေး သမားကြီးတွေ ပါဝင် ရေးဆွဲတဲ့ သမိုင်းမှန် တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့် ရှိရမယ် လို့လဲ သူက ပြောကြား ခဲ့ပါတယ်။

တိုင်းရင်းသား ပြည်သူ အများစုကြီးရဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ဆိုတဲ့ အရေးအကြီးဆုံး လွတ်လပ်ရေး အခွင့်အရေးကြီး ခုထိ မရရှိသေးဘဲ လူထု ရွေးတဲ့ အစိုးရကို လူထုက တင်မြှောက်နိုင်ဖို့ ခေတ်အဆက်ဆက် ကြိုးပမ်း နေရဆဲ ဖြစ်တယ် လို့လဲ မဖြိုးဖြိုးအောင်က လွတ်လပ်ရေးနေ့နဲ့ လက်ရှိ မြန်မာပြည်ကို သုံးသပ် သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။