BBC navigation

မြန်မာမိန်းမသားတွေအရေး ဆွေးနွေးပေး

နောက်ဆုံး ရေးသားချိန် 4 ဇန်နဝါရီလ 2013 - 19:18 GMT
Girl Rape

မိအေးနှစ်ခါနာ မဖြစ်ဖို့ မြန်မာ့လူ့အဖွဲ့အစည်းက ဘယ်သူတွေက ဘယ်လို ကာကွယ်ပေးကြမလဲ။

အိန္ဒိယနိုင်ငံတော်မြို့တော် ဒေလီမှာ မကြာမီက ဆေးကျောင်းသူကို အုပ်စုဖွဲ့ အဓမ္မကျင့် ရိုက်နှက်ခဲ့ပြီးနောက် သူ သေဆုံးခဲ့ပါတယ်။ ဒီအမှုကြောင့် အခုတော့ အိန္ဒိယမှာ အမျိုးသမီးတွေ ဘဝလုံခြုံရေးအတွက် ထိရောက်စွာ ကာကွယ်ပေးဖို့ကို နိုင်ငံလုံးအုံကြွ တောင်းဆိုမှုတွေ လုပ်နေကြပါပြီ။

မြန်မာပြည်မှာရော လူမသိလိုက်ဘဲ ထိပါး စော်ကား အနိုင်ကျင့် ခံနေရတဲ့ မိန်းမသားကြီးငယ်တွေ ဘယ်လောက် များနေပါသလဲ။

သူတို့အတွက် ထိရောက်တဲ့ အကာအကွယ် ပေးနိုင်ဖို့ ဘယ်သူတွေက ဘယ်လို ဆောင်ရွက်သင့်ပါသလဲ။

ဇန်နဝါရီလ ၉ ရက်၊ ဗုဒ္ဓဟူးညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေ ကိုယ်တိုင် ပါဝင် ဆွေးနွေးကြဖို့ကို ဖိတ်ခေါ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။