BBC navigation

တရုတ် မြန်မာ အမေရိကန် ဆက်ဆံရေး

နောက်ဆုံး ရေးသားချိန် 6 ဇန်နဝါရီလ 2013 - 01:07 GMT

တရုတ်၊ အမေရိကန်၊ အိန္ဒိယ သုံးနိုင်ငံ စလုံးက မြန်မာ နိုင်ငံကို ဝိုင်းပြီး လူပျိုလှည့် နေတဲ့ အချိန် ဖြစ်လို့ သတိထားရမယ်

မျက်မှောက် မြန်မာ့ နိုင်ငံရေး အပြောင်း အလဲတွေနဲ့ ကမ္ဘာ့ ရေးရာနဲ့ ဒေသတွင်း ပြဿနာ တွေကို မြန်မာ နိုင်ငံနဲ့ ချိတ်ဆက် ရေးသားနေတဲ့ နာမည်ကျော် စာရေး ဆရာ ကျော်ဝင်းက အာရှပစိဖိတ် အကျပ် အတည်းနဲ့ တရုတ် မြန်မာ အမေရိကန် သုံးပွင့်ဆိုင် သံခင်း တမန်ခင်း ဆက်ဆံရေး အကြောင်းကို အစိုးရရော လူထု ကပါ စဉ်စား သင့်တဲ့ အကြောင်းတွေကို မနေ့က ရန်ကုန်မှာ ဟောပြောခဲ့ပါတယ်။

ပစိဖိတ်ရဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ကြည့်ရင် တရုတ်အတွက် အရေးကြီးတဲ့ သွင်းကုန် လမ်းကြောင်းရော၊ ပို့ကုန် လမ်းကြောင်းရောက ပစိဖိတ် ဒေသမှာ ရှိနေတယ်လို့ ဆရာ ကျော်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့်လည်း ပစိဖိတ် ဒေသကို အမေရိကန် ရေတပ်က ချုပ်ကိုင် ထားတာ ဖြစ်တာကြောင့် တရုတ်ပြည် အတွက် မကောင်းတဲ့ အလားအလာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတွက် တရုတ်က ဒုတိယ ပင်လယ် ထွက်ပေါက် ရှာတဲ့အခါ မြန်မာပြည်က ပထဝီ အနေ အထား အရ အရေးပါလာတာ ဖြစ်ပါတယ်။

အခု လောလောဆယ် အနေ အထားမှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယ သုံးနိုင်ငံ စလုံးက မြန်မာ နိုင်ငံကို ဝိုင်းပြီး လူပျိုလှည့် နေတဲ့ အချိန် ဖြစ်တာ ကြောင့် မြန်မာ နိုင်ငံ အနေနဲ့ တခု အားကိုးနဲ့ တခုကို ကန်လိုက် မယ်ဆိုရင် ရှုပ်ထွေး သွားလိမ့် မယ်လို့ ဆရာ ကျော်ဝင်းက သုံးသပ် ပါတယ်။

ဒါကြောင့်မို့ ဝံပုလွေကြီး သုံးကောင် ကြားမှာ လိမ်လိမ် မာမာ ပါးပါး နပ်နပ် သွားနိုင်မှ မြန်မာပြည် ကောင်းလိမ့်မယ်လို့ သူက ဆိုပါတယ်။

မြန်မာ ပြည်က တရုတ် စီမံကိန်း တွေကို ကြည့်တဲ့ အခါမှာလည်း တိုင်းပြည် တိုးတက်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင်၊ လူမှုဘဝ အကြား မထိ ခိုက်အောင် ချိန်ခွင်သျှာ မျှဖို့ လိုမယ်လို့ လည်း သူက ပြောပါတယ်။

ကိုယ့်ရဲ့ နိုင်ငံ အကျိုး စီးပွား အတွက် တရုတ်ကို သတိ ကြီးကြီးထား ဆက်ဆံ ရမယ့် အိမ်နီးချင်း ဖြစ်ကြောင်း ကိုလည်း သူက ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။