BBC navigation

ရန်ကုန်မှာ စစ်ကျန် လေယာဉ်တွေ ရှာတော့မယ်

နောက်ဆုံး ရေးသားချိန် 5 ဇန်နဝါရီလ 2013 - 21:40 GMT
spitfire

စပစ်ဖိုင်းယား လေယာဉ်တွေနဲ့ ဒေးဗစ် ကန်ဒဲလ်

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးစက ဗြိတိသျှ တပ်တွေ မြှုပ်သွားခဲ့တယ် လို့ ယူဆ နေကြတဲ့ စပစ်ဖိုင်းယား လေယာဉ်တွေကို တူးဖော်ဖို့ ဗြိတိသျှ ကျွမ်းကျင် ပညာရှင် အဖွဲ့တဖွဲ့ မြန်မာပြည်ကို သွားနေပြီ ဖြစ်ပါတယ်။

ရှာဖွေရေး အဖွဲ့မှာ သိပ္ပံ ပညာရှင်တွေ၊ ရှေးဟောင်း သုတေသီတွေနဲ့ အသက် ၉ဝ ကျော် ဗြိတိသျှ စစ်ပြန်ကြီး တယောက် ပါဝင်ပြီး မင်္ဂလာဒုံ လေဆိပ်မှာ တူးဖော်မှုတွေ စတော့မယ်လို့ ခန့်မှန်းရပါတယ်။

စစ်ပြန်ကြီး မစ္စတာ စတန်လီ ကုမ်းဟာ မြန်မာပြည် စစ်မြေပြင်မှာ ပါဝင်ခဲ့ပြီး ဒီလေယာဉ်တွေ မြေမြှုပ်တာကို တွေ့ခဲ့ရသူလို့ ဆိုပါတယ်။

တောထဲမှာ လေယာဉ်ပျံနဲ့ အပိုင်းအစတွေ ၁၂၄ စီးလောက် မြှုပ်ထားနိုင်တယ်လို့လဲ မျှော်လင့်ကြပါတယ်။

လေယာဉ်ဝါသနာရှင် ဗြိတိသျှ လယ်သမားကြီး ဒေးဗစ် ကန်ဒဲလ်က ဦးဆောင် ကြိုးပမ်းခဲ့တာ ဖြစ်ပြီး သူက လေယာဉ်တွေ ရှိနိုင်မယ့် နေရာကို ၁၇ နှစ် တိုင်တိုင် လိုက်လံ ခြေရာခံခဲ့ ပါတယ်။

ဒုတိယ ကမ္ဘာစစ် အပြီး ၁၉၄၅ ခုနှစ်မှာ ဒီလေယာဉ်တွေ သုံးဖို့ မလိုတော့ဘူး ဆိုပြီး မဟာမိတ် စစ်ဦးစီးချုပ် လော့ဒ် မောင့်ဘက်တန် အမိန့်နဲ့ မြေမြှုပ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်တွေကို သေတ္တာကြီးတွေနဲ့ ထည့်မြှုပ်နှံ ထားခဲ့တယ်လို့ သူက ယုံကြည်ပါတယ်။

လေယာဉ်တွေ တူးဖော်ရေး ကနေ ဗြိတိန် မြန်မာ ချစ်ကြည်ရေး ခိုင်မြဲစေလို ကြောင်း ဒေးဗစ် ကန်ဒဲလ်က ပြောကြားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။