BBC navigation

ကေအန်ယူနဲ့ ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 6 ဇန်နဝါရီလ 2013 - 16:25 GMT

ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့က သမ္မတ ဦးသိန်းစိန်နဲ့ အရင် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်

ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ ဥက္ကဌနဲ့ အဖွဲ့ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တနင်္ဂနွေ နေ့က တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံ ပွဲဟာ အလွတ် သဘော တွေ့ဆုံ ခဲ့ကြတာ ဖြစ်လို့ သဘောထား ဆုံးဖြတ်ချက်တွေ ချမှတ်တာ မျိုးတော့ မရှိခဲ့ကြောင်း ကေအန်ယူ တွဲဖက် အတွင်း ရေးမှူး ၂ စောမန်းမန်းက ဘီဘီစီကို ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး နှစ်ဘက် လိုက်နာရမယ့် အချက်တွေနဲ့ ပတ်သက်လို့ အသေးစိတ် ဆွေးနွေးဖို့ အတွက် အစိုးရ ဘက်က အဆင်သင့် ဖြစ်နေ ပြီလို့ သိရကြောင်း စောမန်းမန်းက ပြောပါတယ်။

ကေအန်ယူ နဲ့ အစိုးရက အကြား အပစ်အခတ် ရပ်စဲရေးဟာ ပဏာမ အဆင့်ပဲ ရှိသေးကြောင်းနဲ့ ရှေ့ဆက် ဆောင်ရွက်ဖို့ ကိစ္စရပ်တွေ အများကြီး ရှိသေးတယ်လို့ သူက ပြောပါတယ်။

ငြိမ်ချမ်းရေး အဆင့် ရောက်ဖို့ အတွက် ကတော့ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်ပြီး မှသာ ဖြစ်နိုင်မယ်လို့ ဆိုပါတယ်။ အဲဒီလို ဆွေးနွေးဖို့ ကျတော့ တိုင်းရင်းသား လူမျိုးများ ဖဒရယ် ကောင်စီ UNFC နဲ့ ဆွေးနွေးရမှာ ဖြစ်တယ်လို့ စောမန်းမန်းက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။