BBC navigation

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရခိုင်ကိုသွားရောက်

နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2013 - 18:34 GMT

မစ္စတာ နာတာလီဂါဝါနဲ့အတူ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးလည်း လိုက်ပါ

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ ဟာ တနင်္လာနေ့ နေ့လည်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိ လာပြီး၊ ရဟတ်ယာဉ် တွေနဲ့ ဒုက္ခသည် စခန်းတွေ ကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

မစ္စတာ နာတာလီဂါဝါ နဲ့ အတူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးနဲ့ အစိုးရ အရာရှိတွေ လိုက်ပါ သွားခဲ့ပြီး ညနေပိုင်းမှာ စစ်တွေမြို့ကို ပြန်ရောက်ရှိ လာပါတယ်။

သူဟာ ရခိုင်ဒေသက ဒုက္ခသည်တွေကို အကူအညီ ပေးဖို့ အတွက် လာရောက် လေ့လာတာ ဖြစ်ပြီး၊ နေပြည်တော်မှာ အစိုးရပိုင်းနဲ့ တွေ့တဲ့ အခါ လိုအပ်ချက် တွေကို ဆွေးနွေး ဆောင်ရွက်မယ်လို့ ပြောပါတယ်။

မနက်ဖြန် အင်္ဂါနေ့ မနက်ပိုင်း ကျရင်တော့ သဲချောင်းကျေးရွာ ဒုက္ခသည်တွေကို သွားရောက် တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။