BBC navigation

ဂျော့ ဆိုးရော့ ခွန်ထွန်းဦးနဲ့တွေ့

နောက်ဆုံး ရေးသားချိန် 7 ဇန်နဝါရီလ 2013 - 21:03 GMT
george soros

ငြိမ်းချမ်းရေး ကိစ္စတွေ တောင်းဆိုနေချိန်မှာ ဆိုးရော့စ် ရောက်လာ

Open society Institute ပရဟိတ -ဖောင်ဒေးရှင်း တည်ထောင်သူ အမေရိကန် ဘီလျံနာ လုပ်ငန်းရှင်ကြီး ဂျော ဆိုးရော့ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်နေပြီး နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ တွေ့နေပါတယ်။

ဂျော့ ဆိုးရော့က မြန်မာနိုင်ငံ မှာ ရုံးခန်းဖွင့်ပြီး ပရဟိတလုပ်ငန်းတွေ လုပ်မယ်လို့ ဆန္ဒ ရှိကြောင်း ပြောထားပေမယ့် ယခု တခေါက် လာတဲ့ အကြောင်းကိုတော့ ရှင်းလင်းလင်း မသိရပါဘူး။

ဇန်နဝါရီ ၅ ရက် နေ့ က ရန်ကုန် ငြိမ်းချမ်းရေး စင်တာ တာဝန် ရှိသူ တွေနဲ့ ဂျော့ ဆိုးရော့ တွေ့ဆုံခဲ့ပြီး ၇ ရက်နေ့ကလည်း ရှမ်း တိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ ချုပ် နဲ့ ချက်ထရီယံ ဟိုတယ်မှာ နေ့လယ်ပိုင်း က တွေ့ခဲ့ ပါတယ်။

သူနဲ့ တွေ့ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးကတော့ ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ တပြေးညီ မဖြစ်ကြောင်းနဲ့ ဖေဖော်ဝါရီလ မတ်လမှာ လုပ်မယ့် ရှမ်းပြည် ဖိုရမ် ကျင်းပဖို့ ရန်ပုံငွေ လိုအပ်ကြောင်း ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

၈ ရက် မှာတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် တွေနဲ့ တွေ့ ဖို့ရှိ ပါတယ်။

အမေရိကန် ဘီလျံနာ သူ ဌေး ကြီး ဟာ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ကလဲ မြန်မာနိုင်ငံ ကို လာရောက်ခဲ့ ပြီး အဲဒိ ခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန်၊ ဒေါ် အောင်ဆန်းစုကြည်အပါဝင် အစိုးရ အဖွဲ့ဝင် အချို့နဲ့ လည်း တွေ့ဆုံခဲ့ ပါတယ်။

အခု ရန်ကုန် ခရီးစဉ်မှာ ရန်ကုန် ငြိမ်းချမ်းရေးစင်တာက တာဝန် ရှိ သူ တွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် တွေအပြင် ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရှိတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။