BBC navigation

ပြည်သူ့လွှတ်တော် အစည်းအဝေး ပြန်စ

နောက်ဆုံး ရေးသားချိန် 9 ဇန်နဝါရီလ 2013 - 00:42 GMT
parliament

ပြည်သူ့လွှတ်တော် အစည်းအဝေး

ဗုဒ္ဓဟူးနေ့ က စပြီး ပြည်သူ့လွှတ်တော် အစည်းအဝေး ပြန်လည်စတင်ပြီ ဖြစ်တဲ့ အတွက် ရသုံးခန့်မှန်းခြေ ဘတ်ဂျက် စတဲ့ ဘတ်ဂျက်နဲ့ ဆိုင်တဲ့ အမျိုးသားစီမံကိန်း စတာတွေ ဆွေးနွေးဖို့ ရှိတဲ့ အကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ လည်းဖြစ်၊ သင်္ကန်းကျွန်း မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ် တယောက် အနေနဲ့ ၁ လ ကြိုပြီး ဥပဒေကြမ်း တင်ထားရာမှာ မေးခွန်း ၁ဝ ခု မေးထားတဲ့ အကြောင်း၊ သင်္ကန်းကျွန်း နဲ့ ရန်ကုန်တိုင်း ကိစ္စ၊ နိုင်ငံတခုလုံး ခြုံငုံ မေးခွန်းတွေ ကို သတ်မှတ်ရက် အတွင်း ပို့ထားပုံတွေ ကို ဦးသိန်းညွန့် က ရှင်းပြပါတယ်။

ပေးပို့တဲ့ မေးခွန်းတွေ ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး၊ ပြည်တွင်းသာ မက ပြည်ပ မှာ အကျဉ်းကျသူတွေ လွတ်မြောက်ရေး ပါဝင်ကြောင်းလည်း ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးဖို့ ရှိရာမှာလည်း အစည်းအဝေး အစီအစဉ် တက်လာရင် သိနိုင်ပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး လစ်လပ်နေတယ် ဆိုတာ မသင့်တော်တဲ့ အတွက် အခြေခံ ဥပဒေ အရ အပ်နှင်းထားတဲ့ အဖွဲ့ ဖြစ်တာကြောင့် ဒီတပတ် လွှတ်တော် အစည်းအဝေး မှာ ဖွဲ့စည်းဖြစ် မယ်လို့ မျှော်လင့်ပုံ ကိုလည်း ဦးသိန်းညွန့် က ဘီဘီစီ ကို ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။