BBC navigation

ကချင်စစ် ရပ်စဲရေး ရှမ်းနီပါတီ တောင်းဆို

နောက်ဆုံး ရေးသားချိန် 9 ဇန်နဝါရီလ 2013 - 01:36 GMT
kia

ရှမ်းလူငယ်တွေ ကေအိုင်အေ တပ်ထဲ သွင်းနေလို့ဆို

ကချင် ပြည်နယ် စစ်ဆင်ရေး တွေ အတွင်း ကချင် လူမျိုးများ သာမက ဒေသခံ ရှမ်းလူမျိုးတွေပါ ထိခိုက်နေလို့ အပစ်ရပ်ဖို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီက ပန်ကြား လိုက်ပါတယ်။

မန်စီ၊ မိုးမောက် မြို့နယ်တွေမှာ ရှိတဲ့ ရှမ်း လူငယ်တွေကို ကချင်ဘက်က စစ်သား စုဆောင်းမှုတွေ ရှိနေတယ် လို့လဲ တိုင်းလိုင် ပါတီက ဦးစောဝင်းထွန်းက ဘီဘီစီကို ပြောကြား ပါတယ်။

ဒီဇင်ဘာလ ၁ဝ ရက်နေ့က ဖမ်းသွားတဲ့ ရှမ်းလူငယ် ၇ဝ ခုထိ ပြန်လွတ်မလာဘဲ သတင်းလဲ မရရှိဘူးလို့ သူက ပြောပါတယ်။

ဒီလို လူစုဆောင်းတယ် ဆိုတဲ့ ကိစ္စတွေ အပေါ် ရှမ်းနီ ပါတီဘက်က ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကိုမှ တိုက်ရိုက် ဆက်သွယ် တောင်းဆိုမှု မရှိသေးကြောင်းလဲ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။