BBC navigation

မူးယစ်ရာဇာ ပြည်သူ့စစ်ခေါင်းဆောင်

နောက်ဆုံး ရေးသားချိန် 9 ဇန်နဝါရီလ 2013 - 23:29 GMT
_norkham

ထိုင်း မူးယစ်ဝရမ်းထဲ ပါသူ စိုင်းနော်ခမ်း

တာချီလိပ်မြို့နယ် က ပြည်သူ့စစ်ခေါင်းဆောင် ဦးရီဆေး ကို မူးယစ်ဆေးဝါးရာဇာ အဖြစ် ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဌာန က ဖမ်းဆီးဖို့ အတွက် မြန်မာအစိုးရ ကို အကြောင်းကြားမယ် လို့ ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ထုတ်ဖေါ် ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မှာ မူးယစ် ဂိုဏ်းတဖွဲ့ နဲ့ တိုက်ပွဲ ဖြစ်ပွားရာမှာ ဂိုဏ်းဝင် ၄ ယောက် ကို အသေဖမ်းမိပြီး ယာဘ စိတ်ကြွဆေးတွေ ထိုင်း က သိမ်းဆည်း ရမိပါတယ်။ ဂိုဏ်းဝင် ၄ ယောက် ဟာ ပြည်သူ့စစ်ခေါင်းဆောင် ဦးရီဆေး ရဲ့ တပ်ဖွဲ့ဖြစ်တယ် လို့ ထိုင်းက ပြောပြီး ဦးရီဆေး ကို ဖမ်းဖို့ ကြိုးစားတာပါ။ သူ့ကို ဖမ်းနိုင်အောင် ထိုင်း ရှေ့နေချုပ်ရုံး အနေနဲ့ မြန်မာ အစိုးရ ကို အမြန်ဆုံး ဆက်သွယ် ဖို့ ထိုင်း ဒုတိယ ဝန်ကြီးချုပ် ချလုမ် ယူဘမ်းရုန်း က မနေ့ က ညွှန်ကြား လိုက်တာပါ။

မြန်မာ နိုင်ငံသားတွေ ထဲက မူးယစ် ဖမ်းဝရမ်း ထုတ်ထားသူတွေ ထဲမှာ ဦးခွန်ဆာ၊ ဝေရှောက်ကန်၊ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူး စောလှဘွယ် နဲ့ စိုင်းနော်ခမ်း တို့ ပါဝင်ပါတယ်။ အခုထိ ဘယ်သူ့ကို မှ ထိုင်းဘက် က မဖမ်းနိုင်သေးပါဘူး။

အခုလည်း ဦးရီဆေး ကို ဖမ်းမိဖို့ မလွယ်တဲ့ အကြောင်း မူးယစ်ဆေးဝါး အရေး လေ့လာ စောင့်ကြည့်တဲ့ ရှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်ဆိုင် က ဘီဘီစီ ကို ပြောပါတယ်။ အကြောင်း ကတော့ ပြည်သူ့စစ် အဖွဲ့တွေ ကို မြန်မာ့ တပ်မတော် ကပဲ မွေးထုတ်ထားတဲ့ အတွက် သူတို့ အမှုကိစ္စ တွေ ကို ဆုံးဖြတ်ဖို့ မလွယ်တဲ့ အကြောင်း၊ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကပဲ ဆုံးဖြတ်နိုင်တဲ့ အကြောင်း ရှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်ဆိုင် က ဘီဘီစီ ကို ရှင်းပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။