BBC navigation

ထိုင်းရောက် မြန်မာတွေ ထိုင်းနိုင်ငံသား မှတ်ပုံတင်ခွင့်ရ

နောက်ဆုံး ရေးသားချိန် 9 ဇန်နဝါရီလ 2013 - 16:32 GMT

ထိုင်းမှာ ရှိတဲ့ မြန်မာတွေ ထိုင်းနိုင်ငံသား မှတ်ပုံတင် ကဒ်ပြား လျှောက်ခွင့်ရ

ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာတွေ ထိုင်းနိုင်ငံသား မှတ်ပုံတင် ကဒ်ပြား လျှောက်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

တရားဝင် နိုင်ငံသား အခွင့်အလမ်းကို ဖွင့်ပေးခြင်း ဆိုတဲ့ အစီအစဉ်နဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် အစိုးရက ထိုင်းနိုင်ငံမှာ နိုင်ငံသား မဖြစ်သေးတဲ့ သိန်းနဲ့ ချီတဲ့ သူတွေကို အခုလလယ်က စပြီး ထိုင်းတနိုင်ငံလုံး မှာ နိုင်ငံသား မှတ်ပုံတင်ကဒ်ပြားတွေကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ရဲ့ အစီအစဉ်အရ အခု ထိုင်းနိုင်ငံသား ရမယ့်သူတွေဟာ ၂၀၀၉ ခုနှစ်တုန်းက နောက်ဆုံး စိစစ်ထားတဲ့ သူတွေ ဖြစ်ပြီး တပြည်လုံး အတိုင်းအတာနဲ့ ကရင်၊ မုန်း စတဲ့ တောင်ပေါ်သား လူမျိုးစုတွေ အပါအဝင် လူပေါင်း ၃သိန်းကျော် ထိုင်းနိုင်ငံသား ဖြစ်ခွင့် ရကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ရက်နေ့တုန်းက ထိုင်းအစိုးရက အဲဒီလူတွေကို နိုင်ငံသားခံယူခွင့် လျှောက်နိုင်တဲ့ အမိန့်ကို နာမည် စာရင်းနဲ့တကွ ပေးပို့ထားခဲ့ပါတယ်။

အခုအစီအစဉ်အရ ထိုင်းနိုင်ငံသား မှတ်ပုံတင်ကဒ်ပြား လျှောက်သူတွေအနေနဲ့ ကိုယ်နေတဲ့ ရပ်ကွက်၊ ကျေးရွာတွေကနေ သတ်မှတ်ထားတဲ့ ပုံစံဖေါင်တွေကို ဖြည့်စွက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တင်ရမှာ ဖြစ်ပါတယ်။

အဲဒီမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌ ပြုပြီး ဌာနဆိုင်ရာတွေ ပါဝင်တဲ့ စိစစ်ရေးအဖွဲ့ကနေ နိုင်ငံသား ပေးဖို့ စိစစ် ဆုံးဖြတ်ပြီးတာနဲ့ ထိုင်းနိုင်ငံသား မှတ်ပုံတင်ကို ချက်ချင်းကိုင်ဆောင်ခွင့် ရမှာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။