BBC navigation

စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ သတင်းစာ ရှင်းလင်းပွဲ

နောက်ဆုံး ရေးသားချိန် 12 ဇန်နဝါရီလ 2013 - 16:41 GMT

ယာယီ ကောင်စီအနေနဲ့ စတင် လှုပ်ရှား နိုင်တဲ့ ၃ လ အတွင်းမှာ လုပ်ငန်း ကော်မတီ ၄ ခု ဖွဲ့စည်း ဆောင်ရွက်

မြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ကနေ သူတို့ အဖွဲ့ရဲ့ လုပ်ငန်း လုပ်ဆောင်ချက် တွေနဲ့ ပတ်သက်လို့ စနေနေ့ မနက်က သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ ပါတယ်။

၂၀၁၂ နှစ်လယ် ပိုင်းက စတင် ဖွဲ့စည်း ခဲ့တဲ့ ဒီအဖွဲ့ အနေနဲ့ စတင် လှုပ်ရှားနိုင် ခဲ့တဲ့ ၃ လ လောက် အတွင်းမှာ လုပ်ငန်း ကော်မတီ ၄ ခု ဖွဲ့စည်းပြီး ဆောင်ရွက်နေ ကြောင်း၊ တိုင်ကြားမှု ညှိနှိုင်း ဖြေရှင်းရေး ကော်မတီ တာဝန်ခံ သတင်းစာ ဆရာ ဦးဖေမြင့်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ ကော်မတီ ၄ ခု ကတော့ ဘဏ္ဍာငွေ ရှာဖွေ ရေးနဲ့ စီမံ ခန့်ခွဲရေး ကော်မတီ၊ ပြန်ကြားရေး ကော်မတီ၊ အငြင်းပွားမှုနဲ့ တိုင်ကြားမှု ညှိနှိုင်း ဖြေရှင်းရေး ကော်မတီ နဲ့ စာနယ်ဇင်း ကျင့်ဝတ် ရေးဆွဲ ရေးနဲ့ သတင်း မီဒီယာ ဥပဒေ ရေးဆွဲရေး ကော်မတီ တွေ ဖြစ်ကြောင်း ဦးဖေမြင့်က ပြောပါတယ်။

လောလောဆယ် စာနယ်ဇင်း ကျင့်ဝတ်ကို ရေးဆွဲပြီး စာနယ်ဇင်း သမားတွေထံ ဖြန့်ချိထားကာ၊ သူတို့ ဆီက အကြံဉာဏ် တောင်းခံ ထားတယ်လို့ သူက ဆက်ပြော ပါတယ်။ အဲဒီ နောက်မှာတော့ ဒီအကြံပြုချက် တွေနဲ့ နောက်ဆုံး အတည်ပြု ပြီးရင်တော့ ကျယ်ကျယ် ပြန့်ပြန့် ဖြန့်ချိ မယ်လို့ ဆိုပါတယ်။

ရေးဆွဲ ပြင်ဆင် ပြီးပြီ ဖြစ်တဲ့ သတင်း မီဒီယာ ဥပဒေ မူကြမ်း ကိုလည်း စာနယ်ဇင်း သမားတွေဆီ ချပြ အကြံဉာဏ် ရယူပြီး နောက်မှာ သက်ဆိုင်ရာကို တင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။