BBC navigation

အာဆီယံ အခွန်လွတ် ကုန်သွယ်မှု

နောက်ဆုံး ရေးသားချိန် 13 ဇန်နဝါရီလ 2013 - 01:22 GMT
304_304x171

ASEAN လွတ်လပ် ကုန်သွယ်ဇုံ

သမ္မတဦးသိန်းစိန် က ၂ဝ၁၅ ခု နှစ်မှာ မြန်မာနိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံ အတော်များများ အကြားမှာ စတင်တော့မယ့် အကောက်ခွန်မဲ့ လွတ်လပ်စွာ ရင်းနှီး ကုန်သွယ် တဲ့ ခေတ်ရောက်ရင် မြန်မာ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ အကျိုးမဲ့ မဖြစ်စေဖို့ အစိုးရ ဘက်က ကာကွယ်ပေး ရမယ်လို့ ပြောခဲ့ပါတယ်။

ဒီအခါမှာ လုပ်ငန်းရှင်တွေ ဘက်က ပြင်ဆင်စရာ ရှိတာတွေ နဲ့ ပတ်သက်ပြီး မိမိ တို့ ကိုယ်တိုင် ကြိုးစား ရမှာ ဖြစ်သလို၊ ငွေကြေး အထောက်အပံ့ မရှိပြန်ရင် ကုန်သွယ်ရာ မှာ အားနည်းမှု ရှိနိုင်တဲ့ အကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ အာဆီယံ ရေးရာ အငြိမ်းစား ညွှန်ကြားရေးမှူးဟောင်း ဦးအေးလွင် က ဘီဘီစီ ကို ပြောပါတယ်။

ပြည်တွင်းကို အာဆီယံ ဘက်က ကုန်သည်တွေ က အရင်းအနှီးတွေနဲ့ ဝင်လာတဲ့ အခါမှာ ပြည်တွင်းက လုပ်ငန်းရှင်တွေက စျေးကွက် ပြိုင်ရမှာ ဖြစ်လို့ ပစ္စည်း အမျိုးအစားကောင်းစေဖို့ နဲ့ စျေးနှုန်း သက်သာမှသာ ဝယ်သူတွေ ဘက်ကလည်း အားပေးကြမှာ ဖြစ်ကြောင်း ဦးအေးလွင် က ရှင်းပြပါတယ်။

အရည်အချင်း နဲ့ ပြည့်ဝတဲ့ လုပ်ငန်းရှင်တွေ ဖြစ်ရေး အတွက် မြန်မာနိုင်ငံ အပေါ် စေတနာထားပြီး ဝိုင်းဝန်းကူမယ့် အဖွဲ့ တွေ၊ NGOတွေ၊ ငွေကြေးအဖွဲ့တွေ ကလည်း ကမ်းလှမ်းနေကြတဲ့ အတွက် မိမိ တို့ အကျိုးကို ကြည့်ပြီး အရည်အချင်း ရော အရည်အသွေးပါ ပြည့်ဝ အောင် လုပ်ဖို့ လိုပုံ လည်း ပြောပါတယ်။

ကမ္ဘာ့ဘဏ် ရဲ့ စံသတ်မှတ်ချက် အရ အလုပ်သမား ၅ဝ ကနေ ၃ဝဝ ရှိ တဲ့ လုပ်ငန်းတွေ ကို အသေးစား နဲ့ အလတ်စား လုပ်ငန်းတွေ လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။