BBC navigation

ကချင်တိုက်ပွဲ ကြောင့် ဒုက္ခသည် ပိုများ

နောက်ဆုံး ရေးသားချိန် 13 ဇန်နဝါရီလ 2013 - 23:31 GMT
kachin_refugees

ကချင် ဒုက္ခသည်များ

ကချင်ပြည်နယ်မှာ နေ့စဉ် နဲ့ အမျှ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေပြီး အရပ်သား ဒုက္ခသည် တွေ လည်း တနေ့တခြား တိုးပွား လာနေပါတယ်။ အခု အခါမှာ ရာသီဥတု အအေးဒဏ် ပိုတိုး လာသလို ခရစ္စမတ် ကာလ နောက်ပိုင်းမှာ လေကြောင်း တိုက်ခိုက်မှု တွေ ပါဝင်လာလို့ ဗုံးခိုကျင်းထဲ ပုန်းအောင်း အိပ်စက် ကြရတဲ့ ဒုက္ခ ကိုလည်း ရင်ဆိုင် နေကြရပါတယ်။

ကချင် ဒုက္ခသည်တွေ ရဲ့ လတ်တလော အခြေအနေ နဲ့ ပတ်သက်ပြီး အစိုးရ ထိန်းချုပ် နယ်မြေဘက် မှာ မဆိုးပေးမယ့် တရုတ်နယ်စပ်၊ ဝေးလံတဲ့ တောတွေထဲ မှာ ရှိတဲ့ စခန်းတွေ မှာ တော့ ကူညီမယ့် အဖွဲ့အစည်း မရှိတဲ့ အကြောင်း၊ ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က အဖွဲ့ဝင် အန်န်ချန် ဆန်အောင် က ဘီဘီစီ ကို ပြောပါတယ်။

အစားအသောက်၊ ဆေးဝါး၊ အဝတ် အထည် ခက်ခဲတဲ့ အထဲ မြစ်ကြီးနား မြို့မှာ အအေးဒီဂရီ ၁၃၊ ၁၄ စင်တီဂရိတ် ရှိချိန်မှာ နယ်ခြားမှတ်တိုင် အမှတ် ၆ ဘက်မှာ ဆိုရင် သုံည ဒီဂရီ ထိ အေးလွန်းတဲ့ အတွက် ဒုက္ဒသည် ကလေးလူကြီး တွေ အခြေအနေ ဆိုးပုံလည်း ပြောပြ ပါတယ်။

တရုတ်နယ်စပ် ဒုက္ခသည် စခန်းတွေမှာ လူတွေဟာ ဗုံးခိုကျင်းထဲ ပုန်းရ၊ ဘယ် အချိန် ဗုံးချမလည်း၊ ကျည်ဒဏ် ခံရမလည်း ဆိုတာတွေ ပူပန်နေရ ကြောင်းလည်း အန်န်ချန် ဆန်အောင် က ရှင်းပြပါတယ်။

NGO တွေ၊ ကက်သလစ် နဲ့ နှစ်ချင်းခရစ်ယန် ဘာသာရေး အဖွဲ့တွေ က အကူအညီ ပေးကြပေမယ့် တိုက်ပွဲ တွေ ပြင်းထန်လာရင် ဒီအဖွဲ့တွေ ထွက်ခွာ သွားကြပုံလည်း ပြောပြ ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။