BBC navigation

ICRC ဥက္ကဌ မြန်မာ သမ္မတနဲ့တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 15 ဇန်နဝါရီလ 2013 - 00:43 GMT

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အမှတ်တံဆိပ်

မြန်မာနိုင်ငံကို ပထမဆုံး ခရီးစဉ်အဖြစ်ရောက်ရှိလာတဲ့ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ ဥက္ကဌ Peter Maurer ဟာ သမ္မတဦးသိန်းစိန်နဲ့ မနေ့ကတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ၆ ရက်ကြာ နေထိုင်မယ်လို့ သိရပါတယ်။

မြန်မာအစိုးရနဲ့တွေ့ဆုံစဉ်အတွင်း မြန်မာအစိုးရက ICRC ကို အကျဉ်းထောင်တွေထဲ သွားရောက်ခွင့်ပြုခဲ့ပြီး ICRC ဘက်က မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေဆီကို သွားရောက်ခွင့် ပြုဖို့လည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်မှာ ICRC ရဲ့ လက်ရှိလုပ်ငန်းဆောင်ရွက်မှုတွေနဲ့ အနာဂတ်မှာ ဆက်လက်ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေအကြောင်း မြန်မာ သမ္မတနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ အိုင်စီအာစီ ပြန်ကြားရေးအရာရှိတဦးဖြစ်သူ Takanori Osokawa က ဘီဘီစီကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။