BBC navigation

ခရိုနီ ပေးတဲ့ ရန်ပုံငွေ ကိစ္စ NLD တုံ့ပြန်

နောက်ဆုံး ရေးသားချိန် 15 ဇန်နဝါရီလ 2013 - 15:43 GMT
NLD Education Fund

ဒီဇင်ဘာ လကုန်က NLD ပညာရေး ရန်ပုံ ငွေ စျေးရောင်း ပွဲ ပြုလုပ်ခဲ့

ဗြိတိန် နိုင်ငံမှာ အင်္ဂါနေ့က ထုတ်ဝေတဲ့ The Times သတင်းစာကြီးမှာ အန်အယ်လ်ဒီ ပါတီအနေနဲ့ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက် နိုင်ဖို့ ရန်ပုံငွေတွေ ရှာဖွေရာမှာ စစ်အစိုးရနဲ့ ပေါင်းပြီး မတရား ချမ်းသာ လာကြသူတွေ ဆီက ရန်ပုံငွေ ရယူမှု တွေ အပေါ် ဝေဖန် ရေးသားထား ပါတယ်။

လူမှု ကွန်ယက်တွေမှာလည်း ဝေဖန် ပြောဆို နေတာတွေ အတော် များများ ရှိနေပါတယ်။

အန်အယ်လ်ဒီ ဘက်ကတော့ အခမဲ့ ပညာ ဒါနတွေ ပေးနိုင်ဖို့ ပညာရေး ကွန်ယက်က ရန်ပုံငွေ ရှာရာမှာ မြန်မာ နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်တွေက ပံ့ပိုး ပေးခဲ့တယ်လို့ အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ပြည်သူ့ လွှတ်တော် အမတ် ဦးအုန်းကြိုင်က ပြောပါတယ်။

အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ခရိုနီ ဆိုသူတွေဟာ အရင် နဝတ၊ နအဖ အစိုးရ ခေတ်က ချမ်းသာလာကြတာ ဖြစ်ပြီး သူတို့ ချမ်းသာ လာမှုမှာ မတရားမှု ပါမပါ စိစစ် ဖို့ လိုတယ်၊ ပြစ်မှု မထင်ရှား သရွေ့ အပြစ် မရှိဘူး၊ ပြစ်မှု ရှိခဲ့ သူကိုလည်း ပြုပြင် နိုင်ခွင့် ပေးရမယ်လို့ ပြောကြောင်း သူက ဆိုပါတယ်။

ခရိုနီတွေက သူတို့ ငွေတွေကို တခြား နေရာ တွေမှာ အလဟဿ သုံးမယ့် အစား NLD နဲ့ ပံ့ပိုးသင့်တဲ့ နေရာ အတွက် သုံးတာ ကောင်းတယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောတာ ကိုလည်း ဦးအုန်းကြိုင်က ပြန်ပြော ပါတယ်။

အခု ရန်ပုံငွေ ကိစ္စမှာ ပြည်သူတွေ ဘက်က ပြောဆို ဝေဖန်မှုတွေ ရှိလာနိုင် တာကို အန်အယ်လ်ဒီ အနေနဲ့ ကြိုတင် တွက်ဆ ထားပြီး ဖြစ်ကြောင်းနဲ့ စေတနာ ကောင်းနဲ့ လုပ်တဲ့ လုပ်ရပ် အတွက် ရလာဒ်ကောင်း ထွက်နိုင်ဖို့ မျှော်လင့် ကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။