BBC navigation

ကချင်ပြည်နယ်မှာ တိုက်ပွဲနဲ့ ဗုံးခွဲမှုတွေ ဆက်ဖြစ်ပွား

နောက်ဆုံး ရေးသားချိန် 15 ဇန်နဝါရီလ 2013 - 17:21 GMT

၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားမှု ပျက်ပြား သွားခဲ့ပြီး နောက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်လာခဲ့

ကချင် လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အို ဌာနချုပ် ရှိရာ လိုင်ဇာ ဘက်ကို အစိုးရ စစ်တပ် ကနေ လက်နက်ကြီး တွေနဲ့ အချက်ပေါင်း များစွာ ပစ်ခတ်ခဲ့ သလို၊ မြစ်ကြီးနား-မန္တလေး ရထားလမ်း မှာလည်း မိုင်းခွဲ တိုက်ခိုက် မှု ဖြစ်ပွားခဲ့ ပါတယ်။

ဘွန်ရဲယ်တောင် ကြောတဝိုက်ကို အစိုးရစစ်တပ် ကနေ အင်္ဂါနေ့ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်း တွေမှာ လေယာဉ်နဲ့ လာရောက် တိုက်ခိုက် ခဲ့တယ်လို့ ဒေသခံ တဦး ဘီဘီစီ ကို ပြောပါတယ်။

နေ့လယ်ပိုင်း လေယာဉ်နဲ့ တိုက်ခိုက် နေချိန်မှာ ဒေါ့ဖုန်းယန် ဘက်က နေလည်း လက်ကြီးတွေနဲ့ လှမ်းပစ်ခဲ့လို့ တရုတ် နိုင်ငံဘက်ခြမ်း ကို လက်နက်ကြီးကျည် တလုံး ကျရောက်ခဲ့ တယ်လို့ ဆိုပါတယ်။

တနင်္လာနေ့ ည ၈ နာရီကျော် လောက်ကလည်း စစ်ကိုင်းတိုင်း အင်းတော်နဲ့ နဘား ဘူတာကြား ဆော်လမွန် ချောင်းပေါ်က တံတား ညီနောင်လို့ ခေါ်တဲ့ နေရာမှာ မိုင်းကွဲလို့ ရထား အသွား အလာတွေ တနေကုန် ရပ်သွားခဲ့ရပါတယ်။

အခု ရက်ပိုင်း အတွင်း အင်းတော်တဝိုက်မှာ မိုင်းကွဲတာ ၂ ခါ ရှိသွားပြီ ဖြစ်လို့ ဒေသခံတွေ အနေနဲ့ ထိတ်လန့် နေကြ တယ်လို့ အင်းတော် ဒေသခံ ဦးစောလှိုင်က ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့် ဒေသ မှာလည်း မိုင်းကွဲမှုနဲ့ တိုက်ပွဲ သံတွေကြောင့် စာသင် ကျောင်းတွေ ပိတ်ထားရ သလို လမ်းတချို့ကိုလည်း ပိတ်ထားရ တာကြောင့် ကုန်ဈေးနှုန်း တွေလည်း တက်လာ နေတယ်လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။