BBC navigation

ရွှေဘိုငလျင်အပြီး ရွှေလုပ်ကွက် အသစ်တွေ တွေ့

နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2013 - 18:04 GMT

ရွှေကျင်နေကြသူများ

မြန်မာနိုင်ငံက ရှမ်း တနင်္သာရီ မွန် ကချင် စစ်ကိုင်း စတဲ ဒေသ ၆ ခုမှာ ရွှေလုပ်ကွတ်သစ်တွေ တွေ့ နေ ပြီ လို့ ရန်ကုန်တိုင်း ရွှေအသင်း ဥက္ကဌဦးမျိုးမြင့် က ဘီဘီစီကိုပြောပါတယ်၊

ရွှေဘိုမှာလှုပ်ခဲ့တဲ ငလျှင်နောက်ပိုင်း အခုလို ရွှေလုပ်ကွက် အသစ်တွေကို တွေ့ရှိခဲ့တာလို့ သူက ပြောပါတယ်။

တချို့ ရွှေလုပ်ကွက်သစ်တွေကို ဘူမိဗေဒလေ့လာရေးအဖွဲ့တွေ ကွင်းဆင်းတိုင်းတာနေတယ်လို့ဆိုပါတယ်။

ရွှေလုပ်ကွက် အဟောင်းတွေမှာ လည်း အထွက်ပိုကောင်းလာတယ်လို့ ရန်ကုန်တိုင်းရွှေအသင်းက ပြောပါတယ်။ မြေငလျင်က ရွှေကြောကို တွန်းတင်လိုက်တဲ့ သဘောလို့ သူတို့က ယူဆကြပါတယ်။

အဲဒီလုပ်ကွတ် သစ် တွေ ကို သထ္ထူ တွင်း ဝန်ကြီး ဌာန က ကွင်းဆင်းလေ့လာ စီ စစ်ပြီး ရင်တော့ ဒီနှစ် ထဲ မှာ တင်ဒါ ခေါ် ယူ မယ်လို့လဲ ရွှေလုပ် ငန်းရှိ တွေက မျှော် လင့်နေ ကြပါတယ်။

မြေငလျင်လှုပ်ရာမှာ ဖြစ်လာတဲ့ ပြတ်ရွေ့လိုင်းတွေကြောင့် ရွှေကြောကို ဖုံးနေတဲ့ မြေကြီးလွှာတွေ လွင့်သွားတာ၊ ပြတ်ရွေ့ကြောင့် ရွှေကြော မြေကြီးလွှာ အပေါ် တက်လာတာ စတာတို့ကြောင့် ရွှေကြောအသစ်တွေ တွေ့တာလို့ ဘူမိဗေဒပညာရှင် ဦး စိုးသိမ်းက ပြောပါတယ်။

မြန်မာနိုင်ငံ မှာရွှေကို ပြဒါးနဲ ဖမ်း တဲ စနစ် နဲ့ ချက်ယူတဲ စနစ် ၂မျိုးနဲ ထုတ် ယူနေကြပြီး တော့ အခု လုပ် ကွတ်သစ် ရွှေကြောတွေဟာကျင် ပြီး ပြဒါး နဲ ဖမ်း ယူရမယ့် လုပ် ကွတ် တွေဖြစ်ပါတယ်။

ဒီနှစ် ထဲမှာ ဒီလုပ်ကွတ်သစ်တွေကို အစိုးရက ခွင့်ပြု ဖို့ရှိနေတာကြောင့် ဒီလုပ်ကွတ်တွေက ထွက်လာမယါ့ ပမာဏ ကို ခန့်မှန်းမရနိုင်သေးပေမယ့် မြန်မာ ပြည်တွင်း ရွှေအထွက်တိုးလာမယ် လို့ဆိုနေကြပြီး ရွှေကြောသစ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာလိမ့်မယ်လို့ ယူဆနေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။