BBC navigation

ထိုင်းရှိ မြန်မာအလုပ်သမားတွေကို ပတ်စ်ပို့ ပေးမယ်

နောက်ဆုံး ရေးသားချိန် 18 ဇန်နဝါရီလ 2013 - 17:23 GMT

မတရား သဖြင့် ငွေယူတဲ့ ပွဲစားနဲ့ အေးဂျင့်တွေ ကို အရေးယူ သွားမယ်လို့ သံအမတ်ကြီးက ပြောပါတယ်

ထိုင်းနိုင်ငံ အတွင်းမှာ တရားမဝင် အလုပ် လုပ်နေတဲ့ မြန်မာ နိုင်ငံသား တွေကို မြန်မာ အစိုးရ အနေနဲ့ ထိုင်းနိုင်ငံမှာဘဲ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေး တော့မှာ ဖြစ်တယ်လို့ သံအမတ်ကြီး ဦးတင်ဝင်းက တရားဝင် ပြောကြား လိုက်ပါတယ်။

ထိုင်းအစိုးရ ဘက်ကတော့ နေထိုင်ခွင့် ဗီဇာနဲ့ အလုပ် လုပ်ခွင့် လက်မှတ်တွေ ထုတ်ပေးမှာ ဖြစ်ကြောင်း သောကြာနေ့က မြန်မာ သံရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သံအမတ်ကြီးက ပြောကြား သွားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာ အလုပ် သမားတွေ မှတ်ပုံတင် ဖို့ အတွက်၊ အရင်က ထိုင်း အစိုးရ ကသာ လုပ်ခဲ့တာ ဖြစ်ပြီး အခု တခေါက် မှာတော့ မြန်မာ အစိုးရကပါ ပါဝင် လုပ်ဆောင် ပေးတော့မှာပါ။

နိုင်ငံသား ဟုတ်မဟုတ်နဲ့ မှတ်ပုံတင် ရှိမရှိကို အရင်တုန်းက တော့ မြန်မာ နိုင်ငံကို ပို့ပြီး စိစစ် ရပေမယ့် အခု အချိန် မှာတော့ ထိုင်းနိုင်ငံ အတွင်း၊ ရုံး ၁ဝ ရုံး ဖွင့်ပြီး ဒီမှာပဲ ဆုံးဖြတ် လုပ်ပေးမှာ ဖြစ်လို့ အရင်ထက် လွယ်ကူမှု ရှိသွားမှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့က စပြီး နောက်လ ၁၅ ရက်နေ့ အထိ ကိုတော့ ထိုင်း အလုပ်ရှင်တွေက အလုပ်သမား ငှါးလိုတဲ့ အရေ အတွက်နဲ့ အလုပ်သမား အမည်စာရင်း တွေကို ခရိုင် အလိုက် ထိုင်း အလုပ်သမား ရှာဖွေရေး ရုံးတွေမှာ စာရင်း ပေးရမှာ ဖြစ်ပြီး၊ နောက်လ ၁၅ ရက်နေ့ က စလို့ ၃ လ အတွင်း နိုင်ငံကူး လက်မှတ်တွေ စတင် ထုတ်ပေး တော့မှာလည်း ဖြစ်ပါတယ်။

နိုင်ငံကူး လက်မှတ် လုပ်ဖို့ အတွက် တရားဝင် ကုန်ကျ စရိတ် ကတော့ ဘတ်ငွေ ၆ ထောင်ကျော် ဖြစ်ပြီး မတရား သဖြင့် ငွေယူတဲ့ ပွဲစားနဲ့ အေးဂျင့်တွေကို ထိုင်းနဲ့ မြန်မာ အစိုးရ တို့က အရေးယူ ဆောင်ရွက် သွားဖို့ စီစဉ် မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။