BBC navigation

ကေအိုင်အေကို စစ်ဆင်မှု ရပ်စဲမယ်လို့ အစိုးရကြေညာ

နောက်ဆုံး ရေးသားချိန် 18 ဇန်နဝါရီလ 2013 - 16:22 GMT

ပြည်သူ့လွှတ်တော်မှာ ကချင်ပြည်နယ် တိုက်ပွဲတွေ ရပ်ဖို့ အတည်ပြုပြီး နာရီပိုင်းမှာပဲ အစိုးရ ကနေ အခုလို ကြေညာ

ကချင် လွတ်လပ်ရေး တပ်ဖွဲ့ ကေအိုင်အေ အပေါ် တိုက်ခိုက် နေတဲ့ လဂျားယန် ဒေသရှိ နယ်မြေ ရှင်းလင်းတဲ့ စစ်ဆင် ရေးတွေ ကို ရပ်ဆိုင်း တော့မယ် လို့ အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့က သောကြာနေ့က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ကချင် ပြည်နယ် တိုက်ပွဲတွေ ရပ်ဖို့ ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ်လိုက်ပြီး နာရီပိုင်းမှာပဲ အစိုးရ ကနေ အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။ စနေနေ့ မနက် ၆ နာရီက စလို့ စစ်ဆင်ရေး တွေကို ရပ်ဆိုင်း သွားမှာ ဖြစ်တယ်လို့ ကြေညာချက် ထဲမှာ ဖေါ်ပြထား ပါတယ်။

မြန်မာ့ တပ်မတော် အနေနဲ့ လုံခြုံရေး အတွက် လိုအပ်တဲ့ ကန့်သတ် ရည်မှန်း ချက်တွေ ရရှိပြီ ဖြစ်တာကြောင့် အခုလို စစ်ဆင်မှု ရပ်ဆိုင်းမှာ ဖြစ်တယ် လို့လည်း ကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ အကြား ၁၇ နှစ်ကြာ အပစ် အခတ် ရပ်စဲထားမှု၊ ၂၀၁၁ နှစ်လယ်ပိုင်းမှာ ပျက်ပြား ခဲ့ရပြီးနောက်၊ အစိုးရ ကနေ ကချင် ဒေသမှာ ထိုးစစ် ဆင်မှုတွေ ပြုလုပ်ခဲ့ ရာမှာ လေယာဉ်နဲ့ပါ တိုက်ခိုက်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

အခုလို အစိုးရ ရဲ့ ကြေညာချက် အပေါ် လောလောဆယ် ကေအိုင်အေ ဘက်က ဘာမှာ တုံ့ပြန် ပြောကြားခြင်း မရှိသေးပါ။

အခုလို ပြန်ဖြစ် ခဲ့တဲ့ တိုက်ပွဲ တွေကြောင့် လူပေါင်း သောင်းနဲ့ချီပြီး အိုးအိမ် စွန့်ခွာ ထွက်ပြေး ခဲ့ကြရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။