BBC navigation

KIO နဲ့ ဆွေးနွေးရေး ကမ်းလှမ်း

နောက်ဆုံး ရေးသားချိန် 19 ဇန်နဝါရီလ 2013 - 23:45 GMT
bbc_301_304x171_bbc

လိုင်ဇာ အနီးမှ ကချင် ကေအိုင်အေ တပ်ဖွဲ့

ပြီးခဲ့တဲ့ ရက်ပိုင်း ဇန္နဝါရီလ ၁၈ ရက်နေ့က မြန်မာ အစိုးရ ဘက် က ဇန္နဝါရီလ ၁၉ စနေနေ့ ကစပြီး ထိုးစစ်တွေ ရပ်ဆဲ တော့မယ် ဆိုတာနဲ့ ပတ်သက်ပြီး ကြေညာခဲ့ပေမယ့် လိုက်ဇာမြို့ အနီးရှိ လဂျားယန် ဘက် မှာ နေ့လည်ပိုင်း အထိ ပစ်ခတ်မှု ရှိခဲ့ကြောင်း ကေအိုင်အေ က ပြောပါတယ်။

ဘီဘီစီ သတင်းထောက် ဂျော်နသန် ဟက် ကိုယ်တိုင် ကချင်ပြည်နယ် ဖက် ရောက်တဲ့ အခါမှာ ကေအိုင်အေ အနေနဲ့ အစိုးရ ဖက် က ထုတ်ပြန်ချက် အပေါ် ယုံကြည်ဖို့ ခဲယဉ်းကြောင်း၊ အပစ်အခတ် ရပ်ဆဲမယ် ဆိုတာဟာ လှည့်စားချက် တခုခု ဖြစ်နိုင်ပုံ ကေအိုင်အေ မှ ပြောပါတယ်။

မြန်မာ အစိုးရတပ်တွေ နဲ့ ကေအိုင်အေ အကြား တိုက်ပွဲတွေ တနှစ်ကြာ တိုက်ပွဲတွေ ဖြစ်ပွားမှု အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တချို့ ရှိခဲ့ပေမယ့် အပစ်အခတ် လုံးဝရပ်ဆဲမှု မရှိခဲ့ဘူး လို့ ကေအိုင်အေ က ပြောပါတယ်။

အခု နောက်ဆုံး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ က ဇန္နဝါရီလ ၁၉ ရက် နေ့စွဲ နဲ့ ကေအိုင်အို ဥက္ကဌ ထံ လိပ်မူပြီး တွေ့ဆုံ ညှိနှုင်း ဆွေးနွေးရေး ကမ်းလှမ်းစာ ကို အတွေးရေးမှုး က လက်မှတ်ထိုးပြီး ကေအိုင်အေ အနေနဲ့ သဘောထား ပြန်ကြားဖို့ ပေးပို့ လိုက်ပါတယ်။

Electron Online ဆွေးနွေးမှု အရ အများပြည်သူ မြင်သာအောင်၊ ပြည်သူ့ဆန္ဒ ပါ အလေးအနက် ထားတဲ့ အနေနဲ့ ဆွေးနွေးမယ့် အချက်တွေ ပါဝင် ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။