BBC navigation

အာဆီယံ ကုန်သွယ်ရေးလမ်းကြောင်း

နောက်ဆုံး ရေးသားချိန် 21 ဇန်နဝါရီလ 2013 - 01:08 GMT
_myawaddy_304x1

မြဝတီ မဲဆောက် ဝင်ပေါက်လမ်း

အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေး AEC ကို ကျင့်သုံးဖို့ အချိန်နီးလာတာ နဲ့ အမျှ အာဆီယံ နိုင်ငံ တွေနဲ့ တောင်အာရှ နဲ့ ဥရောပနိုင်ငံတွေ ကို ဆက်သွယ် ပေးမယ့် မဲဆောက်၊ မြ၀တီ လမ်းကြောင်း ဟာ အဓိက ကျလာပါတယ်။ ဒါကြောင့် မဲဆောက်ဖက် အခြမ်းမှာ ဆောင်ရွက်ဖို့ လိုအပ် နေတာတွေ ကို ထိုင်း၀န်ကြီးချုပ် ရင်လပ် ရှင်နဝပ် ကိုယ်တိုင် မနေ့ က မဲဆောက် ကိုလာပြီး စီစဉ် ပေးခဲ့ပါတယ်။

အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး AEC ကို ကျင့်သုံးမယ့် ၂၀၁၅နှစ် ကျရင်၊ မြန်မာနိုင်ငံ ၊မော်လမြိုင် နဲ့ ဗီယက်နမ်နိုင်ငံ၊ ဒါနန်း ဆိပ်ကမ်းမြို့တွေ ကို ဆက်သွယ်ပေးမယ့် ၊East West Economic Corridor အရှေ့အနောက် စီးပွားရေး ပေါင်းကူးဖြစ်တဲ့ ၊ မဲဆောက်၊မြ၀တီ လမ်းကြောင်းဟာ ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေ အတွက် အဓိက ကျတဲ့ဒေသ ဖြစ်လာမှာပါ။

ဒေသတွင်းမှာကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းတွေ နဲ့ စည်ပင်၀ပြောလာမှာဖြစ်လို့ ဒေသတွင်းက ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံသားတွေ အတွက်လည်း အကျိုးရှိမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

အဲဒီအတွက်၊ ထိုင်းဖက်အခြမ်း မဲဆောက်မှာ လိုအပ်ချက်တွေကို ဆောင်ရွက်နေခဲ့တာတွေကို အမြန်အ ကောင်အထည် ဖေါ်နိုင်အောင် ထိုင်း၀န်ကြီးချုပ်က လာပြီး စီစဉ် တါပါ။ လောလောဆယ် ထိုင်းဖက်ကနေ မဲဆောက်၊မော်လမြိုင် အစမ်း လေယာဉ်ပျံသန်းတာတွေ လုပ်ထားပြီးတော့၊ ချစ်ကြည်ရေးတံတားအမှတ် ၂ အတွက် နေရာရွေး ပုံစံထုတ်ပြီး ဖြစ်နေသလို၊လေယဉ်ကွင်းတိုး ချဲ့ရေးအတွက် လည်း အဆင်သင့်ဖြစ်နေပါပြီ။

အဲဒါတွေကို တာခ်ခရိုင်အာဏာပိုင်တွေ ၊မဲဆောက် မြို့တော်၀န်နဲ့ တာခ်ခရိုင်ကုန်သည်ပြီးများအသင်းတွေက၊ ထိုင်းလုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးဌာနနဲ့ ညှိုနှိုင်း ဆောင်ရွက် ပြီးတော့ ၀န်ကြီးအစည်းအဝေးကို အမြန် တင်သွင်းနိုင်အောင် ထိုင်း၀န်ကြီးချုပ် က ဆောင်ရွက်ပေးသွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။