BBC navigation

ကချင်ဒေသအရေး အစိုးရနဲ့ ညှိဖို့ UNFCရဲ့ သဘောထား

နောက်ဆုံး ရေးသားချိန် 22 ဇန်နဝါရီလ 2013 - 00:32 GMT

တိုင်းရင်းသားအရေးကို UNFCနဲ့သာ တပေါင်းတည်း ဆွေးနွေးဖို့ အစိုးရက သဘောတူထား

ကချင် ပြည်နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ် နေတာကြောင့် အစိုးရနဲ့ သီးခြား တွေ့ဆုံ ဆွေးနွေး မှုတွေ မလုပ်တော့ပဲ တိုင်းရင်းသား မဟာမိတ် UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အနေနဲ့ပဲ ဆွေးနွေးမယ်ဆိုရင် ပိုသင့်လျော်မယ် ဆိုပြီး KIO ကချင်လွတ်လပ်ရေး အဖွဲ့က ထုတ်ပြန်

ခဲ့တဲ့ ကြေညာချက်ဟာ UNFC ရဲ့ သဘောထားနဲ့ အတူတူပဲလို့ UNFC ရဲ့ အတွင်းရေးမှူး ( ၂ ) ဦးခွန်ဥက္ကာက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးမှု မှန်သမျှကို UNFC နဲ့သာ တပေါင်းတစည်းတည်း တွေ့ဆုံ ဆွေးနွေးဖို့ အစိုးရဘက်ကလည်း သဘောတူထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို တွေ့ဆုံဆွေးနွေးရာမှာ ပြည်ပ ကြားနေနိုင်ငံတခုခုမှာ ဆွေးနွေးဖို့ကို အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက သဘောတူခဲ့ပြီး ဖြစ်တယ်လို့ ဦးခွန်ဥက္ကာက ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံမူ အောက်မှာ ဆွေးနွေးမှာ မဟုတ်ဘူး ဆိုတာ ပြောထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လွှတ်တော် ပြင်ပမှာ ဆွေးနွေးမှာ ဖြစ်ပေမယ့် လွှတ်တော်တွင်းကို ပစ်ပယ်တာမျိုး မဟုတ်ပဲ အပြန်အလှန် ညှိနှိုင်းတာမျိုး ရှိလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တွေ့ဆုံညှိနှိုင်းမှု အကြိုလုပ်ငန်းတွေကို ဖေဖေါ်ဝါရီလ လောက်မှာ အစောဆုံးထား ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးခွန်ဥက္ကာက ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။