BBC navigation

လိုင်ဇာအနီး ခါယာ တောင်ကြောမှာ တိုက်ပွဲ ပြင်းထန်

နောက်ဆုံး ရေးသားချိန် 21 ဇန်နဝါရီလ 2013 - 16:14 GMT

ပွိုင့် (၇၇၁)တောင်ကုန်း အနီးက ကုန်းကို အစိုးရ တပ်တွေက သိမ်းဖို့ ကြိုးစားနေ

ကချင် လွတ်လပ်ရေး အဖွဲ့ အေအိုင်အို ဌာနချုပ် ရှိရာ လိုင်ဇာ အနီး လဂျားယန် တဝိုက် ခါယာ တောင်ကြော မှာ တနင်္လာနေ့က တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေခဲ့ ပါတယ်။

တနင်္ဂနွေ ညက (၇)နာရီ ခွဲ ကျော် အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ သလို၊ တနင်္လာနေ့ မှာလည်း မနက် ကတည်းက တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေကြောင်း ရှေ့တန်း စစ်ဖက် ရပ်ကွက်တွေ အဆိုအရ သိရပါတယ်။

အစိုးရ တပ်ဖွဲ့တွေဟာ သူတို့ သိမ်းပိုက်ထားပြီး ဖြစ်တဲ့ ပွိုင့် (၇၇၁)တောင် ကုန်း အနီးက အဲဒီကုန်းထက် ပိုမြင့်တဲ့ ကုန်း တခုကို ထပ်မံ သိမ်းပိုက် နိုင်ရေး ကြိုးပမ်း နေတာ ကြောင့် ရင်ဆိုင် တိုက်ပွဲ တွေလည်း ဖြစ်ပွား နေခဲ့ပါတယ်။

ကေအိုင်အေ တပ်မဟာ (၃)နယ်မြေ စိန်လုံ - လွယ်ဂျယ် အကြား ဒေသဘက် တွေမှာလဲ တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ပွား နေကြောင်း သိရပါတယ်။

အဓိက ဖြစ်ပွားတဲ့ နေရာ ကတော့ ‘ခင်းမုဒန်’ ရွာ အနီးမှာ ဖြစ်ပြီး၊ ကေအိုင်အေ တပ်မဟာ (၃)လက်အောက်ခံ တပ်ရင်းတွေနဲ့ အစိုးရ စစ်တပ် က အင်အား (၃၀ဝ ကျော် ၄၀ဝ)လောက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

လဂျားယန် ဒေသ ထိုးစစ်တွေကို ၁၉ ရက်နေ့ ကစပြီး ရပ်ဆိုင်း မယ်လို့ အစိုးရက လူသိ ရှင်ကြား ကျေညာပြောဆို ခဲ့ပေမဲ့၊ လက်တွေ့ မှာတော့ တိုက်ပွဲတွေ ဟာ ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။