BBC navigation

ရိုဟင်ဂျာတွေ လူကုန်ကူး ခံနေရ

နောက်ဆုံး ရေးသားချိန် 21 ဇန်နဝါရီလ 2013 - 17:12 GMT

ထိုင်းနယ်စပ် မှာရှိနဲ့ လူပွဲစားတွေ က သူတို့ကို မလေးရှား ပို့ပေးမယ် ဆိုပြီး ငွေညှစ်ကြတာ ဖြစ်ပါတယ်

ရခိုင် ပြည်နယ် ကနေ စက်လှေ တွေနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး ထိုင်း နိုင်ငံကို ရောက်လာတဲ့ ရိုဟင်ဂျာ တွေ လူကုန်ကူး ခံရမှုမှာ ထိုင်း အစိုးရ တာဝန်ရှိ သူတွေလည်း ပါဝင် ပတ်သက် နေတဲ့ အကြောင်း ထိုင်းအစိုးရ တာဝန်ရှိ သူတွေ က ဝန်ခံ ပြောကြား ပါတယ်။

ရခိုင် ပြည်နယ်နဲ့ ဘင်္ဂလာဒေ့ရှ် ကနေ လူစုပြီး စက်လှေနဲ့ သယ်ဆောင် လာတာတွေ ရှိပြီး၊ မလေးရှား ကို တိုက်ရိုက် ရောက်သွား တာတွေလည်း ရှိသလို ထိုင်း ပင်လယ် ပြင်ကို ရောက်လာတဲ့ သူတွေလည်း ရှိပါတယ်။

ထိုင်း ရေပိုင်နက် ထဲမှာ ဖမ်းဆီးရမိတဲ့ သူတွေကို ထိုင်း ရေတပ်နဲ့ ရဲတပ်ဖွဲ့ တို့ ကနေ နယ်စပ် တွေမှာ သွားလွှတ်ပေး ခဲ့တာ ဖြစ်ပြီး၊ နယ်စပ် မှာရှိနဲ့ လူပွဲစားတွေ ကနေ သူတို့ကို မလေးရှား ပို့ပေးမယ် ဆိုပြီး ငွေညှစ်ကြတာ ဖြစ်ပါတယ်။

ငွေ မပေးဘူး ဆိုရင် ရိုက်နှက် တာတွေ ရှိတယ်လို့ ရိုဟင်ဂျာတွေ အရေးကို ကူညီ ဆောင်ရွက်ပေး နေတဲ့သူ တစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရ ဝန်ထမ်းတွေ ပါဝင် ပတ်သက်တဲ့ အပေါ် စုံစမ်း စစ်ဆေး မှုတွေ လုပ်သွား မယ်လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန အမြဲတန်း အတွင်းဝန် စီဟာစတ်ခ် ဖွမ့်ကေကယောက် က ဘီဘီစီကို ပြောပါတယ်။

မလေးရှား နယ်စပ်မှာ လူပွဲစားတွေ လက်ထဲက ထိုင်းရဲတပ်ဖွဲ့နဲ့ တာဝန်ရှိ သူတွေက ကယ်ထား နိုင်ခဲ့တဲ့ ရိုဟင်ဂျာ ၉ဝဝ နီးပါး ကို ခရိုင် လူမှုဖူးလုံရေး ဌာနက စောင့်ရှောက်ထား ပါတယ်။

သူတို့ကို မြန်မာ နိုင်ငံကို ပြန်မပို့ကို ထိုင်းလူ့အခွင့် အရေး သမားတွေက ပြောဆိုနေပါတယ်။ ထိုင်းနိုင်ငံက လက်ခံထားမယ် ဆိုရင် နောက်ထပ် ရောက်လာဦး မှာကို ထိုင်းအာဏာပိုင် တွေက စိုးရိမ်နေ ပါတယ်။

ထိုင်းမှာ ဒီလူတွေ အတွက် ဒုက္ခသည် စခန်းဖွင့် ဖို့ဟာလည်း လုံခြုံရေး အရ မဖြစ် နိုင်ဘူးလို့ ထိုင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်းအိုးချားက ပြောကြား ပါတယ်။

ရိုဟင်ဂျာတွေ ထိုင်း နိုင်ငံထဲ မရောက် လာအောင်နဲ့ အခု ထိန်းသိမ်း ထားတဲ့ သူတွေကို ဘယ်လို ကိုင်တွယ် မလဲ ဆိုတာ၊ အဖြေ ရှာမရ သေးတဲ့ အတွက် ထိုင်း နိုင်ငံ အတွက် ကတော့ ခေါင်းခဲ စရာ ဖြစ်နေ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။