BBC navigation

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီဥက္ကဌ မြန်မာခရီး

နောက်ဆုံး ရေးသားချိန် 22 ဇန်နဝါရီလ 2013 - 23:14 GMT
bbc_304_icrc_

ကမ္ဘာ့ ကြက်ခြေနီ ဥက္ကဌ ပီတာ မော်ရား

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ချုပ် ဥက္ကဌ ပီတာမော်ရား ဟာ မကြာခင် မြန်မာနိုင်ငံ ကို သွားပြီး အကျဉ်းထောင်တွေ ကို စစ်ဆေးယင်း အကျဉ်းသားတွေ နဲ့ တဦးချင်း တွေ့ဆုံ မေးမြန်းမှု၊ သူတို့ရဲ့ ကျန်းမာရေး အခြေအနေ၊ အကျဉ်းဦးစီး ဝန်ထမ်းတွေ က ဆက်ဆံပုံတို့ က စလို့ လေ့လာမှာပါ။

ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ဟာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာ ၂ဝဝ၅ ခု နှစ် ကပါ။ အကျဉ်းသားတွေ ကို တွေ့ဆုံ မေးမြန်းခွင့် စစ်အစိုးရ ဘက်က ပိတ်ပင်ခဲ့လို့ လုပ်ငန်းရပ်ဆိုင်းရာက မြန်မာ နိုင်ငံတွင်းရှိ ကြက်ခြေနီ ရုံးခန်းတွေပါ ပိတ်အောင် ဖိအားပေးခဲ့လို့ ၂ဝဝ၇ ခုနှစ် မှာ လုပ်ငန်း ရုပ်သိမ်းခဲ့ပါတယ်။

အခု အချိန်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ရှိလာရာက ပြီးခဲ့တဲ့ ၂ နှစ် အတွင်း မှာ အကျဉ်းသားတွေ လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ထောင်တွေ ထဲ မှာ အကျဉ်းသားတွေ ကျန်နေသေးတယ် လို့ သူယုံကြည်ကြောင်း ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ချုပ် ဥက္ကဌ ပီတာမော်ရား က ဘီဘီစီ ကို ပြောပါတယ်။

ပီတာမော်ရားဟာ မကြာခင် က လည်း ရခိုင်ပြည်နယ် ဖက် သွားခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာ နဲ့ မူစလင် အသိုင်းအဝိုင်းဟာ လူမျိုးရေး ပဋိပက္ခ ကြောင့် အကြမ်းဖက်မှု တွေ ပေါ်ပေါက်ခဲ့လို့ နှစ်ဘက် ဆုံးရှုံးမှုတွေ ရှိတာ တွေ့ခဲ့ရပုံ၊ အဲဒီ အတွက် ကူညီထောက်ပံ့မှု ပြုနေကြတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ လုပ်စရာ တွေ အများကြီး ကျန်နေသေးကြောင်း ပီတာမော်ရား က ရှင်းပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။