BBC navigation

ပူတာအိုမှာ စားနပ်ရိက္ခာ ပြတ်လပ်

နောက်ဆုံး ရေးသားချိန် 22 ဇန်နဝါရီလ 2013 - 16:26 GMT

ကြက်သွန် တပိဿာကို ကျပ် ၈၀၀၀ စျေး ရှိနေပြီး၊ ခရမ်းချဉ် သီးလည်း အဲဒီစျေးလောက် ရှိနေ

မြစ်ကြီးနား ကနေ ပူတာအိုကို သွားမယ့် စားသောက် ကုန်တွေ သယ်ဆောင် လာတဲ့ ကားတွေဟာ လမ်းတဝက်မှာ ပိတ်မိနေ တာကြောင့် ပူတာအို မြို့မှာ အစား အသောက် စျေးတွေ တက်နေ တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက် အရ ဆွမ်ပရာဘွမ် မြို့လောက်မှာ စားသောက်ကုန် တင်လာတဲ့ ကား အစီး ၅ဝ လောက် ပိတ်မိ နေပြီး၊ အရပ်သား တွေလည်း သွားလာ မရဲ ဖြစ်နေ တယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ပူတာအိုမှာ ဆိုရင် ဆန် ၄ ဗူး လောက်ကို ကျပ် တစ်ထောင် လောက် ပေးနေ ရပြီး၊ ဒါဟာလည်း လိုသလောက် ဝယ်လို့ မရကြောင်း ပူတာအို မြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ကြက်သွန် တပိဿာကို ကျပ် ၈၀၀၀ စျေး ရှိနေပြီး၊ ခရမ်းချဉ်သီးလည်း အဲဒီစျေးလောက် ရှိနေ တယ်လို့ ဆိုပါတယ်။ လူအများစု ကတော့ စားသုံးဆီ ဝယ်မစားနိုင် ဖြစ်နေကြ ပါတယ်။

အခုလို အခက် အခဲတွေ ဖြစ်နေလို့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့၊ နိုင်ငံရေး အရ ဆွေးနွေးပွဲ တွေ လုပ်ဖို့နဲ့ လမ်းခရီးကို နှစ်ဘက် စစ်တပ်တွေက အနှောင့် အယှက် မပေးဖို့ အတွက် ပူတာအိုက တိုင်းရင်းသား ယာဉ်ကျေးမှု အဖွဲ့ ဝင်တွေက အခုလ ကုန်ပိုင်းမှာ ဆန္ဒ ဖေါ်ထုတ်ဖို့ ခွင့်ပြုချက် တင်ထားပြီ ဖြစ်တယ် လို့လည်း ဒေသခံက ပြောပါ တယ်။


ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။