BBC navigation

လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ မြန်မာနိုင်ငံကို ရောက်ရှိ

နောက်ဆုံး ရေးသားချိန် 23 ဇန်နဝါရီလ 2013 - 01:37 GMT

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရုံး မြန်မာနိုင်ငံတွင်းမှာ ဖွင့်ဖို့ စီစဉ်နေ

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ အရှေ့တောင်အာရှရုံး အကြီးအကဲ Mathilda Bogner ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီး နယ်စပ် ဒေသ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ပြည်သူ့ လွှတ်တော် လူ့အခွင့်အရေး ကော်မီတီ ဥက္ကဌ ဦးဌေးဦးတို့နဲ့ တွေ့ဆုံခဲ့ ပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂတို့အကြား ရေရှည် ပူးပေါင်း ဆောင်ရွက်မှုတွေ အတွက် ဆွေးနွေးဖို့ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် လူ့အခွင့်အရေး ကော်မီတီ ဥက္ကဌ ဦးဌေးဦးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် လတ်တလော ဖြစ်နေတဲ့ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သူက ပြောပြပါတယ်။

လွှတ်တော် လူ့အခွင့်အရေး ကော်မီတီ ဘက်ကလည်း ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက ပဋိပက္ခတွေကို ချုပ်ငြိမ်းအောင် ဆောင်ရွက်တဲ့ နေရာမှာ အဖြစ်မှန်တွေကို သိအောင် လုပ်ပြီး ဆောင်ရွက်ရမယ်လို့ သူတို့ဘက်က အမြင်တွေကို ပြောပြခဲ့တယ်လို့ ဦးဌေးဦးက ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်အနေနဲ့ မကြာခင်မှာ မြန်မာနိုင်ငံ တွင်းမှာ ရုံးခန်း ဖွင့်ဖို့ ရှိတာကြောင့် အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကြို ညှိနှိုင်း ဖို့ လာရောက်တဲ့ သဘောလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ လွှတ်တော်က လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဥပဒေ ပြုတဲ့အခါ မျိုးမှာလည်း ကုလသမဂ္ဂအနေနဲ့ အကြံဉာဏ်ပေးတာတွေ ရှိမှာ ဖြစ်တယ်လို့ ဦးဌေးဦးက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။