BBC navigation

နိုင်ငံတော် အရံဆန် ဝယ်ယူရေး

နောက်ဆုံး ရေးသားချိန် 24 ဇန်နဝါရီလ 2013 - 01:46 GMT
rice_mills_

ဆန်ဝယ်ယူရေး စနစ်

စီးပွားရေးနဲ့ ကူးသန်း ရောင်း၀ယ်ရေး ၀န်ကြီးဌာနရဲ့ အစီအစဉ်နဲ့ နိုင်ငံတော် အရံဆန် ၀ယ်ယူရေး ကော် မီတီ ဖွဲ့ ဆန်စပါး ၀ယ်ယူတဲ့ စံနစ်ဟာ တကယ် အောင်မြင်ပါ့ မလား ဆိုတဲ့ နေရာမှာ အရံ ဆန်၀ယ်ယူရေး အဖွဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု ရှိ နေပါတယ်။

လယ်သမားတွေအကျိုးစီးပွားအတွက် စပါးကို ကြမ်းခင်းဈေး သတ်မှတ်ပြီး ၀ယ်ဖို့ တောင်းဆိုချက်တွေက တဖက်၊ နိုင်ငံတော် မှာ အရေးပေါ် ဆန်လိုအပ်ချက် ရှိလာ တဲ့အခါမှာ အလွယ်တကူ ဖြည့်ဆည်းပေးနိုင်အောင် အရံ ထားရှိမယ့် ဆန်တွေကို သင့်လျော်တဲ့ ဈေးနှုန်း နဲ့၀ယ်ဖို့ကတဖက် ကြားမှာ ဘယ်လို ပြေလည်အောင် ဆောင်ရွက်ကြမလဲ ဆိုတဲ့ အရေး ဖြစ်ပါတယ်။

အရံဆန် ၀ယ်ယူရေးအဖွဲ့ ကလက်ရှိ ၀ယ်ယူနေတဲ့စံနစ်အရ၊ ရောင်းလိုတဲ့ ကုန်သည်တွေဆီက စပါးကို ဘယ်ဈေး နဲ့ ရောင်းနိုင်မလဲဆိုတာ ကိုတင်ဒါ ခေါ်ပြီး၀ယ်ပါတယ်။ အဲဒီလို ၀ယ်ယူရာမှာ တွေ့ရတဲ့အခက်အခဲတွေ ကိုအရံ ဆန်၀ယ်ယူရေး ကော်မီတီ အတွင်းရေးမှူး ဦးအောင်သန်းဦး က လယ်သမားတွေ နဲ့ ဆန်ရောင်းတဲ့ ကုန်သည်တွေ ဖက် က ကျတော့လည်း အဲဒီလိုဈေးမြင့်မြင့် ရချင်ကြပါတယ်။

တကယ်လို အဲဒီလို ဈေးအမြင့်နဲ့ ၀ယ်လိုက်ရင် တကယ်တမ်း ပြည်ပကို ဆန်တင်ပို့နေတဲ့ export ကုန်သည် တွေကလည်း ဈေးအမြင့်နဲ့ ဆန်လိုက် ၀ယ်ရမှာမို့ အခက်အခဲဖြစ်ပြီး မတင်ပို့နိုင်ရင် စပါးဈေးကျတဲ့သံသရာ ပြန်လည်လိမ့်မယ်လို့ ဦးအောင်သန်းဦး က ဘီဘီစီ ကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။