BBC navigation

ဝန်ထမ်းတွေ လစာတိုးဦးမှာ မဟုတ်

နောက်ဆုံး ရေးသားချိန် 23 ဇန်နဝါရီလ 2013 - 15:37 GMT
Burmese Parliament

လစာတိုးရေး လွှတ်တော်မှာ ဆွေးနွေး

ဝန်ထမ်းတွေရဲ့ လစာတိုးပေးရေး အတွက် ဗုဒ္ဓဟူးနေ့ လွှတ်တော်မှာ ဆွေးနွေးခဲ့ပေမဲ့ မအောင်မြင်ခဲ့ ပါဘူး။

ကုန်စျေးနှုန်း မတက်၊ ငွေကြေး မဖောင်းပွစေဘဲ ဝန်ထမ်းတွေရဲ့ လစာ တိုးပေးဖို့ ဖြစ်နိုင် မဖြစ်နိုင် ဒီနေ့ လွှတ်တော်မှာ သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆွေးနွေးခဲ့ပါတယ်။

ဦးရဲထွန်းရဲ့ အမေးကို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိန်းက ဖြေကြားရာမှာ ငွေကြေး မဖောင်းပွရေး အတွက် ဘဏ်တိုးနှုန်း လျော့ချ ထားကြောင်း၊ အစိုးရ အသုံးစရိတ် တွေ လျော့ချ ထားကြောင်း ဖြေကြားပါတယ်။

ဝန်ထမ်းတွေရဲ့ လစာကိုတော့ ဒီနှစ် ရသုံးမှန်းခြေ စာရင်း (budget) မှာ ထည့်သွင်း ရေးဆွဲမထား ဘူးလို့ ဆိုပါတယ်။

ဦးရဲထွန်းက ငွေစက္ကူ အသစ် ရိုက်ထုတ်စရာ မလိုဘဲ ဝန်ထမ်းတွေ လစာတိုး ပေးနိုင်အောင် ချမ်းသာ ကြွယ်ဝသူတွေရဲ့ အခွန်တွေ ရအောင်ကောက်ဖို့၊ လေလွင့်နေပြီး ပြည်သူ့ ဘဏ္ဍာထဲ မရောက်တဲ့ အခွန်တွေ ရောက်အောင် လုပ်ဖို့ တိုက်တွန်းပါတယ်။ အဲသလို ဆောင်ရွက်ပြီး ရတဲ့ ငွေတွေနဲ့ ဝန်ထမ်းတွေကို လစာတိုးပေးရင် ကုန်စျေးနှုန်း တက်တာ၊ ငွေဖောင်းပွတာ မဖြစ်နိုင်ဘူးလို့ ဦးရဲထွန်းက အကြံပြုပါတယ်။

ဒါပေမဲ့ ဒုဝန်ကြီး ဦးမောင်မောင်သိန်းကတော့ အစိုးရရဲ့ အကျင့်ပျက် ခြစားမှုတွေဟာ သူနဲ့ မသက်ဆိုင်ဘူးလို့သာ ဖြေကြားသွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။