BBC navigation

ထောင်ကျ NLD များအတွက် ကော်မတီထံ တင်ပြ

နောက်ဆုံး ရေးသားချိန် 24 ဇန်နဝါရီလ 2013 - 00:57 GMT

မကွေးတိုင်း မြိုင်မြို့နယ် ပဒွတ်ကျေးရွာက NLD အဖွဲ့ဝင် ၁၇ ဦးကို ဒီလဆန်းက ထောင် ၃ လ ချခဲ့တာနဲ့ပတ်သက်လို့ ဒါဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေး ကော်မတီဆီကို ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံစာ ပေးပို့ထားတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က ဒီတပတ်အတွင်း ကော်မတီကို စာပေး ပို့ထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

သဒွတ်ကျေးရွာမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတွေက မူလတန်း ကျောင်းအုပ်ဆရာမကြီးနဲ့ အရင်ကျောင်းအုပ်ဆရာကြီးဟောင်းရဲ့ သမီးတို့ ပုဂ္ဂိုလ်ရေး အချင်းများမှုကို ဆရာမကြီးက ကျေးရွာသားတွေကို ခေါ်ယူရှင်းပြရာက ပြဿနာ စဖြစ်ခဲ့တာလို့ ဦးမြင့်အောင်က ရှင်းပြပါတယ်။

ဆရာမကြီးက ကျေးရွာသား ၃ ဦးကို တာဝန် ဝတ္တရား နှောက်ယှက်မှုနဲ့ တရားစွဲခဲ့တာက အမှုမမြောက်ခဲ့ပေမယ့် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆူပူမှုနဲ့ တရားစွဲခဲ့တဲ့ NLD အဖွဲ့ဝင် ၁၇ ဦးကတော့ ထောင် ၃ လစီ ချမှတ် ခံရပါတယ်။

ဒီနှစ်ပိုင်းအတွင်း NLD အဖွဲ့ဝင်တွေ တကြိမ်တည်းနဲ့ အများဆုံး ထောင်ကျခဲ့ တာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။