BBC navigation

ဆက်သွယ်ရေးဝန်ကြီးဟောင်းနဲ့ အရာရှိကြီးတချို့ စစ်ဆေးခံနေရ

နောက်ဆုံး ရေးသားချိန် 24 ဇန်နဝါရီလ 2013 - 14:32 GMT

မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှ ရာထူးက အနားယူသွားတယ်လို့ ကြေညာခဲ့တဲ့ ဆက်သွယ်ရေး၀န်ကြီး ဦးသိန်းထွန်းအပါအ၀င် မြန်မာဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိကြီးတစ်ချို့ကို စုံစမ်းမှုတွေစတင်နေပြီလို့ နေပြည်တော်မှာရှိတဲ့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီ အတည်ပြုပြောပါတယ်။

စုံစမ်းဆဲဖြစ်လို့ အသေးစိတ်ကို ထုတ်မပြောပါဘူး။

ဒါပေမဲ့ နေပြည်တော်မှာ ၀န်ကြီးဟောင်းဦးသိန်းထွန်းအပါအ၀င် အရာရှိကြီး ၈ ဦး စစ်ဆေးခံနေရတယ်လို့ မြန်မာဆက်သွယ်ရေး ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

မြန်မာဆက်သွယ်ရေး အရာရှိ ကြီးတွေဟာ ပြည်တွင်းက ကုမ္ပဏီတချို့ နဲ့ လာဘ်ပေး လာဘ်ယူမှုတွေရှိခဲ့တယ်၊ တရုပ် နိုင်ငံက မိုဘိုင်းဖုန်းအတွက် ဝယ်တဲ ပစ္စည်းတွေ ဟာ တပ်ဆင်လို့အဆင်မပြေတဲ့ ပစ္စည်းတွေ ဖြစ်နေတယ်လို့ ပြည်တွင်းမှာ သတင်းတွေထွက်နေပြီး အင်တာနက် ဆိုရှယ်မီဒီယာတွေမှာလည်း ဆက်သွယ်ရေး အရာရှိကြီး တစ်ဦးက ဘဏ်ကနေ ငွေအမြောက်အမြား အထုတ်အသွင်းလုပ်တာကို စာရွက်စာတမ်းအထောက်အထားတွေနဲ့ တင်ထားတွေ့ရပါတယ်။

ဒါဟာ ဦးသိန်းစိန် အစိုးရရဲ့ Clean Government သန့်ရှင်းတဲ့ အစိုးရ ဖြစ်အောင်ကြိုးစားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက်မှာ ခုလို ၀န်ကြီးအဆင့်တာ၀န်ထမ်းဆောင်ခဲ့ဖူးတဲ့ အရာရှိကြီးအပါအ၀င် အဆင့်မြင့်အရာရှိတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။