BBC navigation

ကချင်ငြိမ်းချမ်းရေး တတိယအုပ်စုလိုပြီ

နောက်ဆုံး ရေးသားချိန် 25 ဇန်နဝါရီလ 2013 - 15:11 GMT
Kachin Peace

လွှတ်တော်က ကချင်ငြိမ်းချမ်းရေးအတွက် တတိယအုပ်စုလိုတယ်လို့ ဆုံးဖြတ်သလို လွှတ်တော်ပြင်ပမှာလည်း နိုင်သလောက် ဆောင်ရွက်နေကြပါတယ်။

ကချင်ပြည်ငြိမ်းချမ်းရေးရဖို့အတွက် ဆွေးနွေးပွဲတွေ ပြန်စဖို့ လူအများ လေးစား ယုံကြည်လောက်တဲ့ တတိယအုပ်စုက ကြားဝင် ညှိနှိုင်းပေးဖို့ အမျိုးသားလွှတ်တော်မှာ စည်းလုံး ညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က လွှတ်တော်အမတ် ဦးခက်ထိန်နန်က အဆိုပြု ဆွေးနွေးခဲ့တာမှာ ဒီကနေ့တော့ လွှတ်တော်က ဒီလို တတိယအုပ်စုက ကြားဝင် ဆောင်ရွက်ဖို့ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

အတည်ပြု ဆုံးဖြတ်ချက် မချမီမှာတော့ လွှတ်တော်တွင်းမှာ ကချင်အရေးနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ မကွေးတိုင်း မဲဆန္ဒနယ် အမှတ် ၁ က လွှတ်တော်အမတ် ဦးလှဆွေကတော့ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေကို အပြုတ်တိုက်ရမယ်လို့ လွှတ်တော်မှာ သူ တင်ပြ ဆွေးနွေးခဲ့ကြောင်း ဘီဘီစီကို ပြောပါတယ်။

တတိယအုပ်စုဆိုတာ ဘယ်သူဘယ်ဝါ၊ ဘယ်အုပ်စုဆိုတာကိုတော့ လွှတ်တော်တွင်း ဆွေးနွေးမှုတွေမှာ တိတိကျကျ ရှင်းလင်း ပြောဆိုခဲ့တာတော့ မရှိပါဘူး။

ဒီကနေ့မှာတော့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့ပြင်ဘက်မှာ လက်နက်ကြီးသံတွေ ကျရောက် ပေါက်ကွဲခဲ့သလို မြို့ခံတွေက ထိတ်လန့်ပြီး နယ်စပ်က ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေး တိမ်းရှောင်ကြတဲ့အတွက် လိုင်ဇာမြို့ဟာ တိတ်ဆိတ် နေတယ်လို့ မြို့ခံတယောက်က ဘီဘီစီကို ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။