BBC navigation

ကချင်ကို အပြုတ်တိုက်ဖို့ တိုက်တွန်း

နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2013 - 01:32 GMT
Kachin KIA

"ကေအိုင်အေကို ရွှေလက်နဲ့ ခေါ်လို့မလာရင် ကျည်ဆံသာ ပေးဖို့ ကောင်းတယ်" - ဦးလှဆွေ (ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်အမတ်)

အစိုးရနဲ့ ကေအိုင်အေ ကေအိုင်အိုကြား တတိယအုပ်စု တခုက ကြားဝင် ညှိပေးဖို့ တင်ပြတဲ့ စည်းလုံး ညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန် အဆိုကို လွှတ်တော်မှာ မဲခွဲခဲ့ရာမှာ အများစု ထောက်ခံမှုနဲ့ အတည်ပြုခဲ့ပေမယ့် ကချင်ကို အပြုတ် တိုက်ဖို့အတွက် ပြင်းပြင်း ထန်ထန် ပြောဆိုဆွေးနွေး ခဲ့တာတွေလည်း ရှိပါတယ်။

ပြည်ခိုင်ဖြိုး ပါတီရဲ့ မကွေးတိုင်း မဲဆန္ဒနယ် အမှတ် (၁) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ကေအိုင်အေကို ရွှေလက်နဲ့ ခေါ်လို့မလာရင် ကျည်ဆံသာ ပေးဖို့ ကောင်းတယ်လို့ လွှတ်တော်ထဲမှာ ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံအတော် များများဟာ သူတို့နိုင်ငံတွေမှာ ရှိကြတဲ့ သူပုန် အုပ်စုတွေနဲ့ ညှိနှိုင်းမှုတွေမလုပ်တဲ့ အမြစ်ပြတ် ရှင်းလေ့ရှိတဲ့ သာဓကတွေ အတိုင်း မြန်မာအစိုးရက လုပ်ဆောင်သင့်ကြောင်း၊ အစိုးရရဲ့ အပစ်ရပ်ဖို့ ကြေငြာခဲ့အပြီးမှာပဲ ကေအိုင်အေရဲ့ တိုက်ခိုက်မှုတွေ ရှိနေတာကို ကြည့်ရင် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတာ မဟုတ်တဲ့အတွက် အမြစ်ပြတ် တိုက်ခိုက်ဖို့ဟာ တခုတည်းသော ဖြေရှင်းနည်း ဖြစ်တယ်လို့ ဦးလှဆွေက ပြောပါတယ်။

ဒါဟာ သူ့ရဲ့ ကိုယ်ပိုင် သဘောထားသာ ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထား မဟုတ်ဘူးလို့ ဦးလှဆွေက ဘီဘီစီကို ပြောဆိုသွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။