BBC navigation

တောင်ဥက္ကလာနဲ့ မက်စ်မြန်မာ

နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2013 - 15:55 GMT

နေပြည်တော်က အာဆီယံ အားကစား ပြိုင်ပွဲတွေ အတွက် ကတော့ ၆၀ ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီး

တောင်ဥက္ကလာပ မြို့နယ်မှာ ရှိတဲ့ ရပ်ကွက်ပိုင် လွတ်နေတဲ့ မြေ ကွက်လပ်ကြီးမှာ ရပ်ကွက်ကို အသိ မပေးဘဲ စည်ပင်သာယာ ဌာနက Max Myanmar ကုမ္ပဏီ အတွက် ဓာတ်ဆီဆိုင် ဆောက်ဖို့ ဂရမ် ချပေး လိုက်တာ အပြင် ကုမ္ပဏီက အဆောက် အဦး ဆောက်လာတဲ့ အတွက် ရန်ကုန်တိုင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ဦးဆောင်ပြီး ရပ်ကွက် လူထုနဲ့ ဆန္ဒပြဖို့ ပြင်ဆင်ခဲ့ ပါတယ်။

ဘောလုံးကွင်း ဆောက်ဖို့ သတ်မှတ် ထားတဲ့ အဲဒီ နေရာမှာ အဆောက် အဦး ဆောက်နေ တာကို တွေ့လို့ လွှတ်တော်မှာ မေးမြန်းခဲ့ ရာမှာ အခုလို Max Myanmar အတွက် ဖြစ်တယ်လို့ သိရတဲ့ အတွက် ကန့်ကွက် ဆန္ဒပြဖို့ ရဲစခန်းကို တရားဝင် အမိန့် တောင်းခံ ခဲ့တာ ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် Max Myanmar ကုမ္ပဏီ ပိုင်ရှင် ဦးဇော်ဇော် ကိုယ်တိုင် တောင်ဥက္ကလာ ပြည်သူတွေနဲ့ စနေနေ့ မနက်က တွေ့ဆုံပြီး ဒေသခံ တွေရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်း ပေးမယ်လို့ ပြောခဲ့ တာကြောင့် ဆန္ဒပြဖို့ စီအစဉ်ကို ဖျက်သိမ်းခဲ့ ပါတယ်။

ကုမ္ပဏီ ကနေ ဘောလုံးကွင်း အတွက် လိုအပ် တာတွေကို ဆောက်လုပ် ပေးမှာ ဖြစ်တဲ့ အတွက် လူထုက ကျေနပ်ပြီး၊ ကုမ္ပဏီက ဓာတ်ဆီဆိုင် ဆောက်မယ့် ကိစ္စကို ပြန် သဘောတူ ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စည်ပင် သာယာ ကနေ အများပိုင် နေရာ တွေကို စီးပွားရေး သမားတွေရဲ့ အကျိုး တခုတည်း ကြည့်ပြီး ဂရမ် ချပေးတာကို မကျေနပ် တာ ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။