BBC navigation

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား ရောက်ရှိ

နောက်ဆုံး ရေးသားချိန် 28 ဇန်နဝါရီလ 2013 - 16:14 GMT

အထူး အိုလံပစ်ပြိုင်ပွဲ ဥက္ကဌ Na Kyung-Won လည်း လာရောက် ကြိုဆိုခဲ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ၊ ကော့မှူး မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၅ ရက် ကြာ တောင်ကိုရီးယား အလည် အပတ် ခရီးစဉ် အဖြစ် အမေရိကန် ပြည်ထောင်စုကနေ တောင်ကိုရီးယား နိုင်ငံ အင်ချွန်း လေဆိပ်ကို လေယာဉ်နဲ့ တနင်္လာနေ့က ဆိုက်ရောက် သွားပြီ ဖြစ်ပါ တယ်။

ခရီးစဉ် အစီအစဉ်

ဇန္နဝါရီ ၂၈ - အင်ချွန်းလေဆိပ်ကို ရောက်ရှိ

ဇန္နဝါရီ ၂၉ - မနက်ပိုင်း သမ္မတ လီမြောင်ဘတ်နဲ့ အရင်တွေ့မည်။ အဲဒီနောက် ရှေ့လ သမ္မတ ရာထူး လက်ခံမယ့် ဘတ်ဂုန်နဲ နဲ့တွေ့ပြီး နေ့လယ်မှာ ဖျောင်းချန်းမြို့က အထူး အိုလံပစ် ဖွင့်ပွဲ တက်မည်။

ဇန္နဝါရီ ၃၀ - ဖျောင်းချန်းမြို့ ဖွံ့ဖြိုးရေး ဆိုင်ရာ ညီလာခံမှာ ဟောပြောမည်။ ညဖက်မှာ ဂွမ်ဂျူးမြို့ကို ရောက်မည်။

ဇန္နဝါရီ ၃၁ - ဂုဏ်ထူးဆောင် ဂွမ်ဂျူးမြို့တော်သူဆု ချီးမြှင့်ပွဲ တက်မည်။ ဂွမ်းဂျူး လူ့အခွင့်အရေးဆု အထိမ်းအမှတ် မိန့်ခွန်းပြောမည်။ ဆိုးလ်မြို့မှာ ကိုရီးယား အမတ်တွေရဲ့ ညစာစားပွဲ တက်မည်။

ဖေဖေါ်ဝါရီ ၁ - မြန်မာမိသားစုတွေနဲ့ တွေ့မည်။ ညနေ ၆ နာရီမှာ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမည်။

သူ့ကို ထောက်ခံသူ အယောက် ၅၀ ကျော်က အင်ချွန်း လေဆိပ်မှာ သောင်းသောင်း ဖျဖျ လာရောက် ကြိုဆို ခဲ့ကြ ပြီး၊ ပျော်လွန်းလို့ မျက်ရည်ကျသူ တချို့တောင် ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ကိုရီးယား ဌာနခွဲရဲ့ ဒုတိယ ဥက္ကဌ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

၅ ရက်ကြာ ခရီးစဉ် အတွင်း ဇန္နဝါရီ ၂၉ ရက် အင်္ဂါနေ့ မနက်ပိုင်း မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ လီမြောက်ဘက်နဲ့ အရင်ဆုံး တွေ့ဆုံမှာ ဖြစ်ပြီး၊ အဲဒီ နောက်မှာမှ တောင်ကိုရီးယားရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတ ဖြစ်လာ တော့မယ့် ဘတ်ဂုန်နဲ နဲ့ တွေ့ဆုံမှာ ဖြစ်ပါ တယ်။

အဲဒီနောက် နေ့လယ်ပိုင်းမှာ ဂန်ဝန်ဒိုပြည်နယ် ဖျောင်းချန်း မြို့မှာ ကျင်းပမယ့် အထူး အိုလံပစ် ပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ ၁ ရက် သောကြာနေ့ မှာတော့ တောင်ကိုရီးယားမှာ ရောက်ရှိနေတဲ့ မြန်မာ မိသားစုတွေ နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။