BBC navigation

ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေကို တောင်ငူမှာ ဖမ်းမယ်

နောက်ဆုံး ရေးသားချိန် 28 ဇန်နဝါရီလ 2013 - 23:39 GMT

ဇန်နဝါရီ (၂၁)ရက် နေ့က ရန်ကုန် ကနေ စတင်ပြီး လိုင်ဇာ အထိ ခရီးရှည် ထွက်လာ ခဲ့ကြ

မကြာခင် တောင်ငူမြို့ကို ရောက်ရှိ လာတော့ မယ့် ကချင် ပြည်နယ် ငြိမ်ချမ်းရေး အတွက် လမ်းလျှောက် သူတွေကို ဖမ်းဆီးဖို့ တောင်ငူ မြို့နယ် အုပ်ချုပ်ရေး မှူးက အမိန့်စာ ထုတ်ပြန် ထားပြီ ဖြစ်ပါတယ်။

အခုလို ဖမ်းဆီး တော့မှာ ဖြစ်တယ် ဆိုတာကို တောင်ငူမြို့မှာ ရှိတဲ့ ရပ်ကွက် ၂၃ ခုလုံးကို လိုက်လံ ကြေညာ ထားပြီ ဖြစ်တယ်လို့ တောင်ငူ ဒေသခံ တဦးက ဘီဘီစီ ကို ပြောပါတယ်။

လမ်းလျှောက် ချီတက် ပွဲမှာ ပါတဲ့ လူငယ် အမျိုးသမီး တဦးကတော့ ''လူငယ်တွေ အနေနဲ့ ငြိမ်းချမ်းရေး လိုလားလို့ လုပ်ဆောင် နေတဲ့ အပေါ်မှာ အားပေးမှု မရှိဘဲ အရာရာကို ဖျက်လို ဖျက်ဆီး လိုက်လုပ် နေတာလား၊ ဒါမှမဟုတ် သမ္မတရဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ ဥပဒေ စည်းကမ်း တွေကို ဒီအာဏာပိုင် တွေက ဖေါက်ဖျက် နေတာလား ဆိုတာ'' မေးစရာ ဖြစ်နေကြောင်း ဘီဘီစီကို ပြောပါတယ်။

ချီတက် လမ်းလျှောက်တဲ့ အဖွဲ့ဟာ တောင်ငူမြို့ နဲ့(၁၈)မိုင် ကွာ ကျွဲကောရွာ ဓမ္မာရုံကို ရောက်ရှိ နေပြီ ဖြစ်ပြီး၊ သံဃာတော် (၄)ပါး အပါ အဝင် လမ်းလျှောက်သူ (၄၀) ရှိ လာပြီ ဖြစ်တယ်လို့ သိရပါတယ်။

လူငယ်(၁၀)ဦး နဲ့ စတင် ခဲ့တဲ့ ဒီလမ်းလျှောက် အဖွဲ့ဟာ ကချင် ပြည်နယ်မှာ စစ်ပွဲတွေ ရပ်ပြီး ငြိမ်းချမ်းဖို့ အတွက် ရည်ရွယ်ကာ ဇန်နဝါရီ (၂၁)ရက် နေ့က ရန်ကုန် ကနေ စတင်ပြီး လိုင်ဇာ အထိ ခရီးရှည် ထွက်လာ ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။