BBC navigation

ကချင်အရေး ဝအဖွဲ့ရဲ့ ဖိတ်ခေါ်ချက် အစိုးရလက်ခံ

နောက်ဆုံး ရေးသားချိန် 28 ဇန်နဝါရီလ 2013 - 22:59 GMT

ဝ ဒေသ ပန်းဆန်း မြို့မှာ လာဆွေးနွေးဖို့ ကမ်းလှမ်းလိုက်တာ ဖြစ်တယ်လို့ UWSA က ပြောပါတယ်

ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA နယ်မြေထဲ လာပြီး၊ ကေအိုင်အိုနဲ့ အစိုးရ အကြား ပြန်လည် ဆွေးနွေး မှုတွေ ပြုလုပ် ကြဖို့ ဝအဖွဲ့ရဲ့ ဖိတ်ခေါ် ချက်ကို အစိုးရ ဘက်က လက်ခံ လိုက်ပါတယ်။

ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုနဲ့ အစိုးရ အကြား ရပ်တန့် နေတဲ့ ဆွေးနွေး မှုတွေ ပြန်စ နိုင်အောင်၊ UWSA ကနေ ပြီးခဲ့တဲ့ ၅ ရက်လောက်က နှစ်ဘက် စလုံးကို အခုလို ဖိတ်ခေါ် လိုက်တာ ဖြစ်တယ်လို့ UWSA အဖွဲ့က ဦးအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။

နှစ်ဘက် စလုံးကို တိုက်ရိုက် ဖိတ်ကြား လိုက်တာ ဖြစ်ပြီး၊ အေအိုင်အို ဘက်က ပြန်ကြား လာမယ့် သတင်းကို အစိုးရက စောင့်မျှော် နေတယ် လို့လည်း ဦးအောင်မြင့်က ပြောပါတယ်။

တိုင်းပြည်မှာ ငြိမ်းချမ်းရေး ဖြစ်စေချင်တဲ့ ဆန္ဒ ရှိတာကြောင့် ဝ ဒေသ ပန်းဆန်း မြို့မှာ လာဆွေးနွေးဖို့ ကမ်းလှမ်း လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆွေးနွေးပွဲ ပေါ်ပေါက် လာရေး အတွက် ဖြစ်နိုင်ချေ ရှိတဲ့ နေရာကို အကူ အညီပေး တာသာ ဖြစ်ပြီး၊ ဆွေးနွေးပွဲကို ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူး လို့လည်း သူက ပြောပါ တယ်။

ကေအိုင်အို ဘက်ကလည်း မကြာခင် အကြောင်း ပြန်လာ မယ်လို့ မျှော်လင့် ထားကြောင်းကို သူက ဆက်ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။